News

POST TAGGED AS

TOTTENHAM

ဂျူဗင်တပ်နောက်ခံကစားသမား ချီရယ်လ်လီနီသည် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်သည်ဟု ချီးကျူးစကားပြောလိုက်ပြီး များမကြာမီအချိန်အတွင်း ဟယ်ရီကိန်းကိုခေါ်ယူရန် ထိပ်သီးအသင်းကြီးများက အပြိုင်အဆိုင်ကြိုးပမ်းကြလိမ့်မည်ဟုလည်း ၎င်းက ဆက်လက် မှတ်ချက်ပေးအပ်သွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးဟာ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နည်းပြ ပိုချက်တီနိုဟာ ဂိုးသမားနေရာမှာ အယ်လ်လိုရစ်၊ နောက်တန်းမှာ ထရစ်ပါ၊ ဒေးဗီးစ်၊ ဗာတွန်ဂန်နဲ့ ဆန်းချက်ဇ်၊ ကွင်းလယ်ခံစစ်မှာ ဒမ်ဘီလီနဲ့ အီရစ်ဒီယာ၊ တိုက်စစ်တောင်ပံတွေမှာ ဆွန်ဟောင်မင်းနဲ့ အီရစ်ခ်ဆန်၊ နောက်ချန်တိုက်စစ်မှူးအဖြစ် အယ်လ်လီ၊ အထောင်တိုက်စစ်မှာ ဟယ်ရီကိန်းတို့ကို ထားရှိအသုံးပြုသွားခဲ့တာပါ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ ဂိုးသမားနေရာမှာ ပီတာချက်၊ နောက်တန်းမှာ ဘယ်လာရင်၊ မူစတာဖီ၊ ကော့စီရယ်လ်နီနဲ့ မွန်ရီရယ်လ်၊ ကွင်းလယ်မှာ ၀ီလ်ရှိုင်းယား၊ ဇာခါနဲ့ အယ်လ်နီနေး၊ တိုက်စစ်မှာ မစ်ခီတာယန်၊ အော်ဘာမီယန်နဲ့ အိုဇေးလ်တို့ကို နေရာပေးသွားခဲ့ပြီး တိုက်စစ်အားပြုတဲ့ ၄-၃-၃ ကစားကွက်ကို အသုံးပြုသွားခဲ့ပါတယ်။
စပါးနည်းပြ ပိုချက်တီနိုသည် အသင်းကွင်းလယ်ကစားသမား အယ်လ်လီကို ဟန်ဆောင်ဒိုင်ဗင်ထိုးသည့်အပြုအမူကို ဆက်လက်လုပ်ဆောင်ရန် အားပေးအားမြှောက်ပြုသည့် စကားရပ်များ ပြောကြားလိုက်ခြင်းကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီဖြစ်သည်ဟု Daily Star က ဖော်ပြထားသည်။
လီဗာပူးနှင့် စပါးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး ဂျွန်မော့စ်သည် ယင်းပွဲစဉ်တွင် စပါးအသင်းကို ပထမအကြိမ် ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးလိုက်ရာ၌ ၎င်း၏ဆုံးဖြတ်ချက်မှားယွင်းခဲ့သည်ဟု ဖွင့်ဟ၀န်ခံလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ၎င်းအနေနှင့် အာဆင်နယ်ကို ရင်ဆိုင်ကစားရသည့်ပွဲစဉ်တိုင်းတွင် မည်သူကမှန်၍ မည်သူကမှားသည်ဆိုခြင်းကို အမြဲတစေ သက်သေပြလိုခဲ့ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး လာမည့်စနေနေ့တွင် ယှဉ်ပြိုင်ရမည့် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း ယင်းခံယူချက်ဖြင့်ပင် အာဆင်နယ်ကို ရင်ဆိုင်သွားမည်ဟု ဟယ်ရီကိန်းက ပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် လီဗာပူးနှင့် စပါးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် ပင်နယ်တီကတစ်ဆင့် သွင်းဂိုးတစ်ဂိုး ရယူပေးလိုက်နိုင်ခြင်းနှင့်အတူ ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း ၁၀၀ ပြည့်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးအသင်းသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၏နောက်ဆုံးနေ့တွင် ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မော်ရာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၅ သန်း ပေးချေဝယ်ယူလိုက်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်အပြီးတွင် မော်ရာက စပါးနှင့် ငါးနှစ်ခွဲသက်တမ်း စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း The Sun က ဖော်ပြထားသည်။
11-Jan-2018 tagged as Soccer Premier League Tottenham Dele Alli
စပါးအသင်းတာဝန်ရှိသူများသည် ကွင်းလယ်ကစားသမား အယ်လ်လီကို စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ပြီး ယင်းစာချုပ်သစ်တွင် အယ်လ်လီ၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို ပေါင်တစ်သိန်းထိ ပေးအပ်သွားရန် စပါးအသင်းတာဝန်ရှိသူများက ဆုံးဖြတ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် အသင်းတာဝန်ရှိသူများဘက်က ၎င်းကို စာချုပ်သစ်ကမ်းလှမ်းခြင်း လုံးဝမရှိသေးကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရ ရီးရဲလ်မက်ဒရစ်ထံသို့ ဟယ်ရီကိန်း ပြောင်းရွှေ့ရောက်ရှိနိုင်ခြေသတင်းများမှာ ပိုမိုလှုပ်ခတ်လာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
04-Jan-2018 tagged as Soccer Premier League Tottenham Harry Kane
စပါးအသင်းတာဝန်ရှိသူများသည် အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို ပရီးမီယားလိဂ်၏လုပ်ခလစာအများဆုံးရ အင်္ဂလိပ်ကစားသမားအဖြစ် စံချိန်တစ်ရပ် စိုက်ထူနိုင်စေမည့် လုပ်ခလစာမျိုး ပေးအပ်ကာ စာချုပ်သစ်ချုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။