News

POST TAGGED AS

TOTTENHAM

27-May-2018 tagged as Soccer Premier League Tottenham Pochettino
စပါးအသင်းတာဝန်ရှိသူများသည် အသင်းနည်းပြ ပိုချက်တီနိုကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ ပိုချက်တီနိုမှာ လာမည့် ၂၀၂၃ ခုနှစ်တိုင်သည်အထိ စပါးနည်းပြအဖြစ် ဆက်ရှိသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးအသင်းသည် နောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ် အပြောင်းအရွှေ့အတွက် မန်ယူနှင့်ဆွေးနွေးရာတွင် အပြောင်းအရွှေ့၏အစိတ်အပိုင်းတစ်ရပ်အဖြစ် မာတီရယ်လ်ကို အလိုက်ပေးရန် တောင်းဆိုလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသက် ၂၉ နှစ်အရွယ်ရှိ စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်ကို ခေါ်ယူရန် တရားဝင် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပြီး စပါးအသင်းတာဝန်ရှိသူများကလည်း အသင်းဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို အယ်လ်ဒါဝိုင်ရဲလ်က လက်မခံတော့သည့်အတွက် ၎င်းကို ရောင်းထုတ်လိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
15-May-2018 tagged as Soccer Premier League Tottenham Pochettino
စပါးအသင်းတာဝန်ရှိသူများသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် နည်းပြ ပိုချက်တီနိုကို အသုံးစရိတ်တစ်ရပ် ထုတ်ပေးနိုင်စေရန်အတွက် ကစားသမားလေးဦး ရောင်းထုတ်လိုက်ရန် စီစဉ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
15-May-2018 tagged as Soccer Premier League Tottenham Pochettino
စပါးနည်းပြ ပိုချက်တီနိုသည် အသင်းဥက္ကဋ္ဌ လီဗိုင်းကို ၎င်း၏လုပ်ခလစာအကျိုးခံစားခွင့်အား နှစ်ဆတိုးမြှင့်ပေးရန်နှင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွက် အသုံးစရိတ် ပေါင်သန်း ၁၀၀ ထုတ်ပေးရန် တောင်းဆိုထားပြီဖြစ်ပြီး အကယ်၍ ယင်းတောင်းဆိုချက်များကို ဥက္ကဋ္ဌ လီဗိုင်းဘက်က လိုက်လျောသဘောတူညီခြင်း မရှိခဲ့ပါက စပါးကိုစွန့်ခွာရန် ပိုချက်တီနိုက စဉ်းစားလာဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-May-2018 tagged as Soccer Premier League Tottenham Pochettino
စပါးနည်းပြ ပိုချက်တီနိုသည် အသင်းဥက္ကဋ္ဌ လီဗိုင်းကို လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းအတွက် မည်သို့သော အင်အားဖြည့်တင်းမှုမျိုး ဆောင်ရွက်ပေးမည်ကို ၎င်းအပါအ၀င် အသင်းကစားသမားများနှင့် အသင်းအားပေးသူပရိသတ်များ သိရှိစေရန် တရားဝင်ထုတ်ပြန်ကြေညာပေးစေလိုကြောင်း အသိပေးလိုက်ပြီဖြစ်ပြီး ၎င်းတောင်းဆိုထားသည့် အင်အားဖြည့်တင်းမှုမျိုးကို အသင်းတာဝန်ရှိသူများဘက်က ဆောင်ရွက်မပေးခဲ့ပါက အသင်းကို စွန့်ခွာသည့်အခြေအနေမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်သည်ဟုလည်း ပိုချက်တီနိုက ပြောကြားထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-May-2018 tagged as Soccer Premier League Tottenham Harry Kane
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတွင် ဘောလုံးရာသီတစ်ရာသီအတွင်း ဂိုး ၃၀ ရယူနိုင်ပါလျက်နှင့် ရွှေဖိနပ်ဆုနှင့်လွဲချော်ရသော ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Apr-2018 tagged as Soccer Premier League Tottenham Danny Rose
မန်ယူနည်းပြ မော်ရင်ညိုသည် စပါးဘယ်နောက်ခံကစားသမား ဒန်နီရို့စ်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ အပြင် အသင်းကစားသမားလုခ်ရှောကိုပါ အလိုက်ပေးလိုက်ရန် အစီအစဉ်ရေးဆွဲထားပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
24-Apr-2018 tagged as Soccer Premier League Tottenham Harry Kane
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် မန်ယူက စပါးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် အသင်းအခြေအနေကို လွန်စွာ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပြီဖြစ်ပြီး လက်ရှိ စပါးအသင်းထံတွင် ဆုဖလားဆွတ်ခူးနိုင်ရန်အတွက် လုံလောက်သော စိတ်ဓာတ်ခံယူချက်မရှိကြောင်းလည်း ဟယ်ရီကိန်းက မှတ်ချက်ပေးပြောကြားသွားခဲ့ပြီဖြစ်သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် စပါးကစားသမားနှစ်ဦးဖြစ်သည် အယ်ဒါဝိုင်ရဲလ်နှင့် ဒန်နီရို့စ်တို့ကိုခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။