News

POST TAGGED AS

TOTTENHAM

စပါးအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် ၎င်းတို့အနေနှင့် ပိတ်သိမ်းပြီးစီးခဲ့သော ပရီးမီးယားလိဂ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အယ်လ်ဒါဝိုင်ရဲလ်နှင့် ဒန်နီရို့စ်တို့ကို ခေါ်ယူရန်အတွက် မန်ယူဘက်က ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ခြင်း မရှိဟု အသိပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
20-Aug-2018 tagged as Soccer Premier League Tottenham Pochettino
စပါးနည်းပြ ပိုချက်တီနိုသည် လက်ရှိအချိန်တွင် ၎င်းတို့အနေနှင့် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းတွင် မန်ယူကို အနိုင်ကစားနိုင်စွမ်းရှိကြောင်း သက်သေပြရမည့်အချိန်အခါတစ်ခု ရောက်ရှိလာခဲ့ပြီဟု ကြုံးဝါးပြောဆိုလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
17-Aug-2018 tagged as Soccer Premier League Tottenham Pochettino
စပါးနည်းပြ ပိုချက်တီနိုသည် အသင်းထံတွင် မပျော်မရွှင်ဖြစ်နေသော ကစားသမားများကို လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီတွင် အသင်းပြောင်းခွင့်ပေးရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဖြစ်ပြီး ယင်းအတွက် အယ်လ်ဒါဝိုင်ရဲလ်၊ ဒန်နီရို့စ်၊ အန်ကူးဒူးနှင့် ဂျန်းစ်ဆင်စသည့် ကစားသမားများမှာ လာမည့်သီတင်းပတ်များအတွင်း အသင်းပြောင်းခွင့်ကို ရနိုင်ဖွယ်ရှိနေကြပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်းသည် လက်ရှိတွင် တောင်ကိုရီးယားအသင်းကို ကိုယ်စားပြု၍ အာရှအားကစားပြိုင်ပွဲကို ပါဝင်ကစားရန် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုပြိုင်ပွဲမှာ ဆွန်ဟောင်မင်းအတွက် စစ်မှုထမ်းဆောင်ရမည့်အခြေအနေကို ရှောင်လွှဲနိုင်ရန် တစ်ခုတည်းသော လက်ကျန်အခွင့်အရေးဖြစ်နေကြောင်း The Sun က ဖော်ပြထားသည်။
စပါးအသင်းသည် နောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်ကို မန်ယူထံသို့ ရောင်းထုတ်ပေးရန် မူအရ သဘောတူညီလိုက်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် အယ်လ်ဒါဝိုင်ရဲလ်၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ကစားသမားသစ်တစ်ဦး ခေါ်ယူရရှိသည့်တိုင်အထိမူ မန်ယူအနေနှင့် စောင့်ဆိုင်းပေးရမည်ဟု စပါးက အကြောင်းပြန်ထားကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူအသင်းသည် စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်ကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ဖြင့် နောက်ဆုံးအကြိမ်အဖြစ် ကမ်းလှမ်းဆက်သွယ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုတွင်ကျင်းပနေသည့် အပြည်ပြည်ဆိုင်ရာချန်ပီယံဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် မန်ယူ၊ စပါးနှင့် ရိုးမားတို့ နိုင်ပွဲများအသီးသီးရရှိပြီး အောင်ပွဲခံသွားနိုင်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ဘူဂေးရီးယားလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်သည် လာမည့်ပရီးမီးယားလိဂ်ဘောလုံးရာသီတွင် ၎င်း၏အသင်းဟောင်းများဖြစ်သော မန်ယူနှင့် စပါးတို့မှာ မန်စီးတီး၏အထက်တွင်ရပ်တည်၍ ရာသိသိမ်းကြလိမ့်မည်ဟု ခန့်မှန်းပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ခြေစွမ်းပြကစားခဲ့သော နောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်သည် စပါးနည်းပြ ပိုချက်တီနိုက ၎င်းကို ခြေစွမ်းကောင်းမွန်ပါလျက်နှင့် နေရာမပေးခြင်းကြောင့် လွန်စွာ ဒေါသပေါက်ကွဲနေကြောင်း Daily Mail က ဖော်ပြထားသည်။
25-Jun-2018 tagged as Soccer World Cup Tottenham Harry Kane England
အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၏ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကို ပွဲစဉ်နှစ်ပွဲတည်းဖြင့် လိုက်မီသွားခဲ့ပြီဖြစ်ပြီး မက်ဆီမှာ ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအဆင့်၌ သွင်းဂိုးစုစုပေါင်း ငါးဂိုးတည်းသာ ရယူထားနိုင်ခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။