News

28-Jun-2018

တိုက်ပွဲ TNLA
ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်၊ လက်နက်ကြီးကျ၍ ကလေးတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရ
 လားရှိုး၊ ဇွန် ၂၈ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ နံနက်က တပ်မတော်နှင့် TNLA တို့တိုက်ပွဲ ဖြစ်ခဲ့ပြီး မန်နိမ်းအွမ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ကိုးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ စုံစမ်းသိရှိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါ ကျေးရွာရှိ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးမှာ စိုးရိမ်ဒဏ်ရာ ရခဲ့ကာ အသက် ၂၀ မှ ၅၀ နှစ်အရွယ်အတွင်းရှိ အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့သဖြင့် ကွတ်ခိုင်မြို့ရှိ တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးကုသမှု ခံယူနေကြောင်း မေတ္တာရှင် လူမှုကူညီရေးအသင်းမှ ဦစောထွေးက ပြောကြားသည်။

အဆိုပါကျေးရွာသည် ပလောင်တိုင်းရင်းသားများ နေထိုင်သည့်ရွာဖြစ်ပြီး ယင်းလက်နက်ကြီး ကျရောက်မှုမှာ မည်သူ မည်ဝါက ပစ်သည်ဟု ပြောဆိုရန်ခက်ခဲကြောင်း ရှမ်းပြည်နယ်၊ ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောဆိုသည်။

R-07



FOLLOW US