News

POST TAGGED AS

SOUTHAMPTON

ဆောက်သမ်တန်အသင်းသည် ရာထူးထုတ်ပယ်လိုက်သည့် နည်းပြ ပယ်လီဂရီနို၏နေရာကို အစားဖြည့်ရန်အတွက် နည်းပြသစ်တစ်ဦး အပူတပြင်း ရှာဖွေနေပြီဖြစ်ကာ ဆောက်သမ်တန်အသင်းတာဝန်ရှိသူများက ဦးစားပေးပစ်မှတ်အဖြစ် ထားရှိဆက်သွယ်နေသူများမှာ ဆဲလ်တစ်နည်းပြ ဘရင်ဒန်ရော့ဒ်ဂျားစ်နှင့် ၀က်ဖို့ဒ်နည်းပြဟောင်း မာကိုဆေးလ်ဗားတို့ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ဆောက်သမ်တန်အသင်းတာဝန်ရှိသူများသည် အသင်းရလဒ်များ ဆက်တိုက်ဆိုးရွားကာ တန်းဆင်းရမည့်အန္တရာယ်ကို စိုးရိမ်လာရသည့်အတွက် နည်းပြပယ်လီဂရီနိုကို ရာထူးထုတ်ပယ်ကာ နည်းပြသစ်တစ်ဦးခန့်အပ်ရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဆောက်သမ်တန်နည်းပြ ပယ်လီဂရီနိုသည် ၀က်ဖို့ဒ်နှင့် ဆောက်သမ်တန်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၀က်ဖို့ဒ်ကွင်းလယ်လူ ဒိုးကူရီက လက်ဖြင့် နှစ်ဆင့်ပုတ်၍ ဂိုးသွင်းယူသွားခဲ့သည့်ဖြစ်စဉ်ကို ဂိုးအဖြစ် သတ်မှတ်ခွင့်ပြုပေးလိုက်သည့် ကွင်းလယ်ဒိုင်လူကြီး ရော်ဂျာအိစ်၏ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီအနေနှင့် လက်ရှိအချိန်တွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်ကို အမြန်ဆုံးမိတ်ဆက်ရန် စဉ်းစားသင့်ပြီဖြစ်ကြောင်းလည်း ပယ်လီဂရီနိုက ပြောကြားသွားခဲ့သေးသည်ဟု Daily Mai က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် ဆောက်သမ်တန်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူအသင်းရရှိသင့်သည့် ပင်နယ်တီအခွင့်အရေးကို ကွင်းလယ်ဒိုင်လူကြီး ခရိတ်ဂ်ျ ပေါဆန်က ငြင်းဆန်ပယ်ချလိုက်သည်ကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ယင်းသို့ ပင်နယ်တီရသင့်ရထိုက်သည့်ဖြစ်စဉ်ကို မည်သည့်အတွက် မျက်ကွက်ပြုလိုက်သည်ဆိုခြင်းကို သိရှိလိုကြောင်း ဒိုင်လူကြီး ခရိတ်ဂ်ျပေါဆန်ထံသို့သွားရောက်၍ ၎င်းအနေနှင့် မေးခွန်းများ ထုတ်ခဲ့သေးကြောင်း မော်ရင်ညိုက ဆက်လက် အသိပေးသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
လီဗာပူးအသင်းသည် ဆောက်သမ်တန်ခံစစ်မှူး ဗန်ဒစ်ဂ်ျကို ကလပ်အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုကာ လက်မှတ်ရေးထိုးခေါ်ယူလိုက်ပြီဖြစ်ပြီး လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဗန်ဒစ်ဂ်ျမှာ အသင်းထံသို့ တရားဝင် ပြောင်းရွှေ့ရောက်ရှိလာတော့မည်ဖြစ်ကြောင်း လီဗာပူးကလည်း သတင်းထုတ်ပြန်ထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဆောက်သမ်တန်တိုက်စစ်မှူး ချာလီအော်စတင်ကို ၎င်းကျူးလွန်ခဲ့သည့် ပြစ်ဒဏ်တစ်ရပ်အတွက် သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ကာ အရေးယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ဆောက်သမ်တန်နောက်ခံလူ ဗန်ဒစ်ဂ်ျကို မန်စီးတီးခေါ်ယူရန် ကြိုးပမ်းနေသည်ကို တားဆီးရန် ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းကြီးများအားလုံး ဝိုင်းဝန်းကြိုးပမ်းသင့်သည်ဟု တိုက်တွန်းပြောကြားလိုက်ပြီး အကောင်းဆုံးသော ကစားသမားအားလုံးကို မန်စီးတီးသာ ပိုင်ဆိုင်သွားခဲ့မည်ဆိုပါက ၎င်းတို့ကို ယှဉ်နိုင်ရန်မှာ ယခုထက် အဆပေါင်းများစွာ ပိုမိုခက်ခဲသွားလိမ့်မည်ဟုလည်း ကွန်တီက ဆက်လက် ပြောကြားသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
ဆောက်သမ်တန်နည်းပြ ပယ်လီဂရီနိုသည် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းနောက်ခံကစားသမား ဗန်ဒစ်ဂ်ျမှာ ဆောက်သမ်တန်ကိုစွန့်ခွာ၍ အသင်းပြောင်းရွှေ့သွားဖွယ် အခြေအနေများရှိနေပြီဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။