News

POST TAGGED AS

SOUTH KOREA

အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် မရယူနိုင်ခဲ့ပါက ဆွန်ဟောင်မင်း စစ်မှုထမ်းရမည်

ဂျကာတာ၊ သြဂုတ် ၁၄

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်းသည် လက်ရှိတွင် တောင်ကိုရီးယားအသင်းကို ကိုယ်စားပြု၍ အာရှအားကစားပြိုင်ပွဲကို ပါဝင်ကစားရန် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုပြိုင်ပွဲမှာ ဆွန်ဟောင်မင်းအတွက် စစ်မှုထမ်းဆောင်ရမည့်အခြေအနေကို ရှောင်လွှဲနိုင်ရန် တစ်ခုတည်းသော လက်ကျန်အခွင့်အရေးဖြစ်နေကြောင်း The Sun က ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံသားများသည် နိုင်ငံ၏ပြဌာန်းဥပဒေအရ အသက် ၂၇ နှစ်ကို နောက်ဆုံးထား၍ နိုင်ငံအတွက် ၂ နှစ်သက်တမ်း စစ်မှုထမ်းဆောင်ပေးရပြီး အာရှအားကစားပြိုင်ပွဲနှင့် အိုလံပစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူကာ နိုင်ငံ့ဂုဏ်ကိုဆောင်ပေးနိုင်သော အားကစားသမားများကိုမူ ခြွင်းချက်အဖြစ် တောင်ကိုရီးယားအစိုးရက စစ်မှုထမ်းဆောင်ခွင့်ကို ပယ်ဖျက်ပေးလေ့ရှိသည်။

ဆွန်ဟောင်မင်းသည် တောင်ကိုရီးယားအသင်းကို ကိုယ်စားပြု၍ အာရှအားကစားပြိုင်ပွဲကို ပါဝင်ကစားပေးရရန် ရှိနေခြင်းကြောင့် စပါးအသင်း၏ပွဲစဉ်သုံးပွဲကို လွဲချော်ရဖွယ်ရှိနေပြီး ဖူလ်ဟမ်၊ မန်ယူ၊ ၀က်ဖို့ဒ်တို့နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အသင်းလူစာရင်း၌ ဆွန်ဟောင်မင်း ပါဝင်လိမ့်မည်မဟုတ်ဟု စပါးနည်းပြ ပိုချက်တီနိုကလည်း အတည်ပြုထားပြီဖြစ်သည်။

တောင်ကိုရီးယားသည် အာရှဖလားပြိုင်ပွဲ၏ဘောလုံးအားကစားနည်း အုပ်စုအဆင့်တွင် ဘာရိန်း၊ မလေးရှား၊ ကာဂျစ္စတန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘာရိန်းနှင့် သြဂုတ်လ ၁၅ ရက်နေ့တွင်လည်းကောင်း၊ အုပ်စုဒုတိယပွဲစဉ်အဖြစ် မလေးရှားနှင့် သြဂုတ်လ ၁၇ ရက်နေ့တွင်လည်းကောင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကာဂျစ္စတန်နှင့် သြဂုတ်လ ၂၀ ရက်နေ့တွင်လည်းကောင်း တောင်ကိုရီးယားက အသီးသီး ယှဉ်ပြိုင်သွားရလိမ့်မည်ဖြစ်သည်။




FOLLOW US