News

POST TAGGED AS

SOCCER

ဘရုဂေးနှင့် ဒေါ့မွန်တို့သည် ဥရောပအဆင့်ပြိုင်ပွဲများတွင် လေးကြိမ်တွေ့ဆုံဖူးပြီး တစ်သင်းလျှင် နှစ်ကြိမ်စီ အနိုင်ရထားကြသည်။ နှစ်သင်းလုံးသည် သက်ဆိုင်ရာအိမ်ကွင်းများတွင် ကစားရသောပွဲစဉ်များကို အနိုင်ရယူနိုင်ခဲ့ကြခြင်းဖြစ်သည်။
မိုနာကိုသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်ရှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားသည်။ အဆိုပါပွဲစဉ် ရှစ်ပွဲတွင် မိုနာကိုသည် နှစ်ပွဲသာ သရေရှိကာ ခြောက်ပွဲရှုံးနိမ့်ထားသည်။
18-Sep-2018 tagged as Soccer PSG Ligue Mbappe
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် တိုက်စစ်မှူး အမ်ဘတ်ပေကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်တွင် ပြောင်းရွှေ့ကြေးမတတ်နိုင်သည့်အတွက် ဆွေးနွေးမှုများ ပျက်ပြယ်သွားခဲ့ရကြောင်း Daily Mail က ဖော်ပြထားသည်။
18-Sep-2018 tagged as Soccer Premier League Arsenal Gazidis
အာဆင်နယ်အသင်းအမှုဆောင်အရာရှိချုပ် ဂါဇီဒစ်သည် အေစီမီလန်ထံသို့ပြောင်းရွှေ့ရန်အတွက် ရာထူးနုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး ၎င်း၏နေရာကို ဆနယ်လ်လီဟီနှင့် ဗင်ကိတ်ရှန်းတို့က အစားဝင်ရောက်ကာ တာဝန်များကို ခွဲဝေယူသွားလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
18-Sep-2018 tagged as Soccer La Liga FIFA USA
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုသည် အမေရိကန်ပြည်ထောင်စုတွင် လာလီဂါပွဲစဉ်တစ်ပွဲ ကျင်းပရန် လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီက စီစဉ်ထားသည်ကို ကန့်ကွက်ဝေဖန်လိုက်ပြီဖြစ်ပြီး အသင်းတစ်သင်းအတွက် အိမ်ကွင်းပွဲစဉ်ဟူသည်မှာ စစ်မှန်သောအိမ်ကွင်းတွင် အမာခံပရိသတ်များအတွက် ကျင်းပပေးသောပွဲစဉ်မျိုးသာဖြစ်သင့်ကြောင်း အင်ဖန်တီနိုက ထောက်ပြလိုက်သည်ဟု BBC က ဖော်ပြထားသည်။
17-Sep-2018 tagged as Soccer Premier League Tottenham Inter Milan
အင်တာမီလန်နှင့် စပါးတို့သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လေးကြိမ်တွေ့ဆုံခဲ့ဖူးပြီး တစ်သင်းလျှင် နှစ်ကြိမ်စီ နိုင်ပွဲရယူနိုင်ခဲ့ကြဖူးသည်။
17-Sep-2018 tagged as Soccer Barcelona Champions League PSV
ဘာစီလိုနာသည် နောက်ဆုံးဘောလုံးရာသီ ငါးရာသီအတွင်း အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် ရှုံးပွဲ လုံးဝမရှိခဲ့ပေ။
17-Sep-2018 tagged as Soccer Serie A C Ronaldo Juventus
ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဂျူဗင်တပ်က ဆက်ဆူအိုလိုကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် စီးရီးအေပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး ရယူပေးလိုက်နိုင်ခြင်းနှင့်အတူ ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုတစ်လျှောက် လိဂ်သွင်းဂိုး ၄၀၀ ပြည့်သွားခဲ့ပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် ၎င်းအနေနှင့် လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မန်ယူနှင့်ယှဉ်ပြိုင်ရမည့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် ပြန်လည်ပွဲထွက်ပေးနိုင်ရန် ရည်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။