News

POST TAGGED AS

SOCCER

21-Sep-2018 tagged as Soccer Serie A AS Roma Totti
ရိုးမားဂန္ထ၀င်တိုက်စစ်မှူး တော့တီသည် ၎င်း၏ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုနှင့် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်တို့ကို အသင်းထံသို့ခေါ်ယူပေးပါရန် ရိုးမားဒါရိုက်တာဘုတ်အဖွဲ့တာဝန်ရှိသူများကို တောင်းဆိုခဲ့ဖူးသည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
21-Sep-2018 tagged as Soccer Premier League Arsenal Mkhitaryan
အာဆင်နယ်ကွင်းလယ်ကစားသမား မစ်ခီတာယန်သည် အသင်းကို ဦးဆောင်နေသော နည်းပြယူနိုင်းအမ်မရီလက်ထက်တွင် အာဆင်နယ်အနေနှင့် ယူရိုပါလိဂ်အောင်မြင်မှုကို ဆွတ်ခူးရယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်ထားရှိနေကြောင်း Goal က ဖော်ပြထားသည်။
21-Sep-2018 tagged as Soccer Premier League Chelsea Pedro
ချယ်လ်ဆီးနည်းပြ ဆာရီသည် ချယ်လ်ဆီးက ပီအေအိုကေကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင် ပခုံးထိခိုက်သွားခဲ့သော ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ပီဒရို၏ဒဏ်ရာမှာ မပြင်းထန်ဟု ၎င်းကို ဆရာဝန်များက အသိပေးလိုက်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
21-Sep-2018 tagged as Soccer Premier League Tottenham Hugo Lloris
စပါးနည်းပြ ပိုချက်တီနိုသည် အသင်းဦးစားပေးဂိုးသမား အယ်လ်လိုရစ် ဒဏ်ရာပြဿနာနှင့်ကြုံတွေ့ရင်ဆိုင်နေရသည်မှာ စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် တိုက်ရိုက်ဆက်စပ်မှုများရှိနေသည်ဟု ရှင်းလင်းပြောကြားလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
20-Sep-2018 tagged as Soccer Serie A C Ronaldo Juventus
ဂျူဗင်တပ်အသင်းနှင့် တိုက်စစ်မှူး စီရော်နယ်ဒိုတို့သည် ဂျူဗင်တပ်က ဗလင်စီယာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ပြသခြင်းခံခဲ့ရသော တိုက်ရိုက်အနီကတ်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က အယူခံတင်ခွင့်ပေးမည်မဟုတ်ကြောင်း အကြောင်းကြားစာ ပေးပို့လိုက်သည့်အတွက် ဒေါသပေါက်ကွဲနေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာ၏သမီးထွေးဖြစ်သော ဗလင်တီနာသည် လိုင်ယွန်က မန်စီးတီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အပြီးတွင် ပွဲကြည့်စင်ထက်၌ ၀မ်းနည်းပက်လက် ငိုကြွေးခဲ့သည့်အတွက် သူမကို ဂွါဒီယိုလာက အချိန်ပေး၍ ချော့မော့နှစ်သိမ့်လိုက်ရကြောင်း Daily Mail က ဖော်ပြထားသည်။
20-Sep-2018 tagged as Soccer Modric Lovren
လီဗာပူးနောက်ခံကစားသမား လော့ဗ်ရန်နှင့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်တို့သည် တရားရုံးတော်ကို မုသားသက်သေထွက်ဆိုခဲ့ပါက ထောက်ဒဏ်ငါးနှစ်စီ ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေကြရပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
20-Sep-2018 tagged as Soccer Serie A C Ronaldo Juventus
ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဂျူဗင်တပ်က ဗလင်စီယာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် တိုက်ရိုက်အနီကတ်ပြသ ထုတ်ပယ်ခံခဲ့ရခြင်းကို အယူခံတင်ရန် စီစဉ်ဖွယ်ရှိနေပြီး အယူခံအောင်မြင်ခဲ့မည်ဆိုပါက စီရော်နယ်ဒိုမှာ အသင်းဟောင်း မန်ယူကို ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂျူဗင်တပ်အတွက် ပြန်လည်ကစားပေးနိုင်လိမ့်မည်ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
18-Sep-2018 tagged as Soccer Champions League Napoli Zvezda
နာပိုလီဟာ နှစ်ပေါင်း ၄၀ နီးပါးအတွင်း ဥရောပပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်ကစားဖို့အတွက် ဆားဘီးယားမြေဆီကို တစ်ခေါက်တစ်ခါ ပြန်လည်ခြေချရတာဖြစ်ပါတယ်။
18-Sep-2018 tagged as Liverpool Soccer Champions League PSG
လီဗာပူးနှင့် ပီအက်စ်ဂျီတို့သည် ၁၉၉၆-၉၇ ယူအီးအက်ဖ်အေ Cup Winners’ Cup ဆီမီးဖိုင်နယ်အဆင့်တွင် ဆုံတွေ့ခဲ့ကြပြီး ပီအက်စ်ဂျီ၏အိမ်ကွင်းတွင် ပီအက်စ်ဂျီက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ လီဗာပူး၏အိမ်ကွင်းတွင်မူ လီဗာပူးက နှစ်ဂိုး ဂိုးမရှိဖြင့် ပြန်လည်အနိုင်ရခဲ့သည်။