News

POST TAGGED AS

SOCCER

မန်စီးတီးအသင်းတိုက်စစ်မှူး အဂူရိုသည် မန်စီးတီးက နာပိုလီကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင် မန်စီးတီးအသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားအဖြစ် စံချိန်တင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား မာတစ်သည် လာမည့်တနင်္ဂနွေနေ့တွင် အသင်းဟောင်းချယ်လ်ဆီးနှင့်ယှဉ်ပြိုင်ရန် ချယ်လ်ဆီးအသင်းပိုင် စတမ်းဖို့ဒ်ဘရစ်ခ်ျဘောလုံးကွင်းသို့ သွားရောက်ရမည့်ပွဲစဉ်တွင် ချယ်လ်ဆီးပရိသတ်များက ၎င်းကို အော်ဟစ်လှောင်ပြောင်မှုများ ရှိလာခဲ့လျှင်လည်း ဂရုစိုက်နေမည်မဟုတ်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်း အမာခံအားပေးသူများအဖွဲ့(Manchester United Supporters Trust)သည် လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများကို ဆွေးနွေးရန်အတွက် နည်းပြမော်ရင်ညိုကို ဖိတ်ကြားလိုက်ပြီဖြစ်ကာ နယူးကာဆယ်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီတွင် နည်းပြမော်ရင်ညိုနှင့် တွေ့ဆုံခွင့်ရနိုင်ရန် ၎င်းတို့အနေနှင့် မျှော်မှန်းထားကြောင်းလည်း မန်ယူအသင်း အမာခံအားပေးသူများအဖွဲ့က ထုတ်ဖော်အသိပေးထားသည်ဟု Daily Mail က ဖော်ပြထားသည်။
02-Nov-2017 tagged as Liverpool Soccer Premier League Wijnaldum
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည်လီဗာပူးက မာရီဘောကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ခြေမျက်စိ ထိခိုက်ဒဏ်ရာရသွားခဲ့သည့် ကွင်းလယ်ကစားသမား ၀စ်ဂ်ျနယ်လ်ဒမ်းကို ကာလအတန်ကြာ အနားပေးလိုက်ရမည်အား လွန်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီတွင် စပိန်နိုင်ငံသို့သွားရောက်၍ အမှုရင်ဆိုင်ရရန် ရှိနေခြင်းကြောင့် အသင်းအတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
01-Nov-2017 tagged as Soccer Champions League Preview
ဒီနေ့ညယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေမှာ အသင်းတစ်ချို့ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်တွေ ပါဝင်လို့နေပါတယ်။ ဆီဗီလာ၊ ဒေါ့မွန်၊ မိုနာကိုနဲ့ နာပိုလီတို့ဟာ နိုင်ပွဲတွေ ကိုယ်စီရယူနိုင်မှသာ နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအတွက် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာနိုင်မှာဖြစ်လို့ အမှားမခံစတမ်း ရုန်းကန်ကြရတော့မှာပါပဲ။ စပါးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့နေတဲ့ပွဲစဉ်ကလည်း ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းရဲ့အနာဂတ်အတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်နေပါတယ်။ ဒီပွဲမှာသာ ရီးရဲလ်မက်ဒရစ် ရလဒ်ထပ်ဆိုးခဲ့ရင် နည်းပြဇီဒန်းက ရာထူးလှုပ်ခတ်မှုတွေ ဖြစ်လာတော့မှာပါ။
31-Oct-2017 tagged as Soccer Premier League Leicester City
လက်စတာအသင်းတာဝန်ရှိသူများသည် နည်းပြရှိတ်စပီးယားကို ရာထူးထုတ်ပယ်လိုက်ပြီးချိန်တွင် အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြဟောင်း ရာနီရေးရီကို အသင်းနည်းပြအဖြစ် ပြန်ခန့်ရန် ကြိုးပမ်းခဲ့သော်လည်း လက်စတာဘက်က ကမ်းလှမ်းမှုများကို ရာနီရေးရီက လက်မခံခဲ့သည့်အတွက် အဆုံးသတ်တွင် ပူအယ်လ်မှာ လက်စတာနည်းပြရာထူးကို ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် လက်ရှိမန်ယူနည်းပြ မော်ရင်ညိုကို ဘောလုံးလောက၏မေ၀ယ်သာဟု ရည်ညွှန်းပြောကြားသွားခဲ့ပြီး မော်ရင်ညိုကျင့်သုံးလျက်ရှိသည့် နည်းဗျူဟာများအားလုံးမှာ မေ၀ယ်သာနှင့် ထူးမခြားနားပင်ဖြစ်သည်ဟုလည်း ဂယ်ရီနဗီးလ်က ထောက်ပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
31-Oct-2017 tagged as Soccer Champions League Preview
ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ဒုတိယအကျော့ပွဲစဉ်တွေ စတင်ပါပြီ။ ဒီနေ့ညယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တွေမှာ မန်ယူ၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့က နိုင်ပွဲတွေ ထပ်မံရယူနိုင်ခဲ့မယ်ဆိုရင် နောက်တစ်ဆင့်တက်ရောက်ဖို့အတွက် လုံးဝကို သေချာသွားတော့မှာပါ။ ပထမအကျော့တုန်းက တစ်ဖက်နဲ့တစ်ဖက် သုံးဂိုးစီသရေကျခဲ့တဲ့ ရိုးမားနဲ့ချယ်လ်ဆီးတို့ရဲ့ ရောမမြေမှာ ပြန်လည်တွေ့ဆုံမှုကလည်း ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ အက်သလက်တီကိုကလည်း အုပ်စုအဆင့်ကနေ လှည့်မပြန်ရဖို့အတွက် လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ကစားနိုင်ဖို့ လိုအပ်နေပါပြီ။
31-Oct-2017 tagged as Soccer Champions League Napoli
နာပိုလီအသင်းတာဝန်ရှိသူများသည် ယနေ့(ဗုဒ္ဓဟူးနေ့)တွင် နာပိုလီနှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်သို့ ပွဲတက်ရောက်ကြည့်ရှုရန် လာရောက်ကြမည့် ပရိသတ်များကို လုံခြုံရေးအခြေအနေအရ ခါးပတ်များ ၀တ်ဆင်မလာကြရန် တားမြစ်ကန့်သတ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။