News

POST TAGGED AS

SOCCER

26-Apr-2018 tagged as Soccer Shahid Khan Wembley Stadium The FA
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)သည် ၀င်ဘလေဘောလုံးကွင်းကြီးကို ပါကစ္စတန်နွယ်ဖွား အမေရိကန်နိုင်ငံသား ဘီလျံနာ ရှာဟစ်ဒ်ခန်းထံသို့ ရောင်းချရန်အတွက် တရားဝင်ဆွေးနွေးနေပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် အပြုသဘောဆောင်သော သဘောတူညီချက်အချို့ ရရှိထားပြီဖြစ်၍ ရှာဟစ်ဒ်ခန်းမှာ ၀င်ဘလေဘောလုံးကွင်း၏ပိုင်ရှင်ဖြစ်လာရန် လွန်စွာနီးစပ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
26-Apr-2018 tagged as Soccer Louis van Gaal
ဘာစီလိုနာနှင့် မန်ယူနည်းပြဟောင်း လူးဝစ္စဗန်ဟားလ်သည် ၎င်းအနေနှင့် ဘောလုံးလောကသို့ တစ်ကျော့ပြန်လည် ၀င်ရောက်၍ နည်းပြတာဝန်ကို ထမ်းဆောင်တော့မည်ဟု အသိပေးလိုက်ပြီဖြစ်ပြီး မည်သို့မျှ ငြင်းဆန်ပယ်ချရန် မဖြစ်နိုင်သည့် ကမ်းလှမ်းမှုတစ်ခုကို ၎င်းအနေနှင့် လက်ခံရရှိထားပြီဖြစ်ကြောင်း ဗန်ဟားလ်က ဖွင့်ဟပြောကြားလိုက်ပြီဖြစ်သည်ဟု Daily Star က ဖော်ပြထားသည်။
26-Apr-2018 tagged as Liverpool Soccer Champions League Gerrard
လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျာရတ်သည် လီဗာပူးအနေနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့အနက်မှ မည်သည့်အသင်းနှင့်တွေ့သည်ဖြစ်စေ ကြောက်ရွံ့ရန် မလိုကြောင်း မှတ်ချက်ပေးပြောကြားလိုက်ပြီး ယင်းနှစ်သင်းလုံးတွင် ကြီးစွာသောချို့ယွင်းချက်များရှိနေခြင်းက လီဗာပူးအတွက် အခွင့်အရေးတစ်ရပ်ဖြစ်လာလိမ့်မည်ဟု ဂျာရတ်က အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
26-Apr-2018 tagged as Liverpool Soccer Premier League Chamberlain
လီဗာပူးကွင်းလယ်ကစားသမား ချိန်ဘာလိန်းသည် လီဗာပူးက ရိုးမားကို ငါးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ဒူးအရွတ်ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်္ဂလန်လက်ရွေးစင်အသင်းအား ကိုယ်စားပြု၍ ပါဝင်ကစားပေးနိုင်တော့မည် မဟုတ်ကြောင်း BBC က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်ကို ခေါ်ယူရန်အတွက် မန်ယူ၊ ချယ်လ်ဆီးတို့နှင့်အပြိုင် ကြိုးပမ်းသွားတော့မည်ဖြစ်ပြီး နိုင်ဂိုလန်၏တန်ကြေးကို ရိုးမားက ပေါင် ၄၅ သန်းသတ်မှတ်ထားကြောင်း Daily Star က ဖော်ပြထားသည်။
26-Apr-2018 tagged as Liverpool Soccer Premier League Salah
လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် များမကြာမီတွင် ကျရောက်လာတော့မည့် အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ရာမာဒန်ဥပုသ်လကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ လီဗာပူးအသင်း တက်လှမ်းနိုင်ခဲ့ပါက အခက်အခဲတစ်ရပ်ဖြင့် ကြုံဆုံရဖွယ်ရှိနိုင်ကြောင်း ရာမာဒန်ဥပုသ်လကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ လီဗာပူတက်လှမ်းနိုင်ခဲ့ပါက ဆာလားဟ် အခက်ကြုံရဖွယ်ရှိနိုင်ကြောင်း The Sun က ဖော်ပြထားသည်။
လီဗာပူးအသင်းသည် ၎င်းတို့၏တိုက်စစ်မှူး ဆာလားဟ်ကိုခေါ်ယူရန် ရီးရဲလ်မက်ဒရစ်က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၀၀ ပေးကာ ကမ်းလှမ်းလာလျှင်လည်း လက်မခံဘဲ ငြင်းဆန်ပယ်ချလိုက်မည်သာဖြစ်သည်ဟု အသိပေးထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ပရီးမီးယားလိဂ်မှနေ၍ ချန်ပီယံရှစ်သို့ ၀က်စ်ဘရွန်းအသင်း တန်းဆင်းသွားခဲ့ရပါက နောက်ခံလူ အီဗန်စ်ကို အသင်းထံသို့ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းသွားလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
26-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းနှင့် ၎င်းအကြား လမ်းခွဲသည့်သတင်းကို အသင်းတာဝန်ရှိသူများဘက်က ပုံစံအမျိုးမျိုးဖြင့် ပြင်ဆင်ပြောင်းလဲဖော်ပြနေသည့်အတွက် လွန်စွာ စိတ်ပျက်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Apr-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်နှင့် အက်သလက်တီကိုတို့ ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် ၎င်းအနေနှင့် အလုပ်သစ်လက်ခံရန် အသင့်မဖြစ်သေးဟု ဖွင့်ဟအသိပေးလိုက်ပြီး အသင်း၏နည်းပြသစ်ရွေးချယ်ရေးလုပ်ငန်းစဉ်တွင်လည်း ၎င်းဝင်စွက်ဖက်မည်မဟုတ်ဟု အာစင်ဝင်းဂါးက ဆက်လက်ပြောကြားသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။