News

POST TAGGED AS

SIR ALEX FERGUSON

ဦးနှောက်တွင်း သွေးယိုစီးမှုဝေဒနာကို အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် ဝေဒနာသက်သာကာ စကားပြောဆိုနိုင်သည်နှင့် ဘောလုံးလောကနှင့်သက်ဆိုင်သည့် အကြောင်းအချင်းအရာများကိုသာ မရပ်မနား ပြောကြားနေကြောင်း မိသားစုဝင်များက အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
ဦးနှောက်တွင်း သွေးယိုစီးမှုဝေဒနာ ရုတ်တရက် ခံစားလိုက်ရသည့်အတွက် ဆေးရုံတက်ရောက်ကာ အရေးပေါ် ခွဲစိတ်ကုသမှုခံယူလိုက်ရသော မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် လက်ရှိတွင် ကျန်းမာရေးအခြေအနေ ပြန်လည်တိုးတက် ကောင်းမွန်လာခဲ့ပြီဖြစ်ပြီး ဆေးရုံသို့သွားရောက်၍ သတင်းမေးမြန်းခဲ့သော ၎င်း၏မိတ်ဆွေများက ဖာဂူဆန်မှာ ထိုင်၍ စကားပြောနိုင်သောအနေအထားသို့ ပြန်လည်ရောက်ရှိနေပြီဟု အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူဂန္ထ၀င်နည်းပြ ကြီး ဖာဂူဆန်သည် ဦးနှောက်တွင်း သွေးခဲမှုဝေဒနာကို ရုတ်တရက်ခံစားလိုက်ရသည့်အတွက် ဆေးရုံတက်ရောက်ကာ ခွဲစိတ်ကုသမှု ခံယူနေရပြီဖြစ်ပြီး လက်ရှိတွင် ဖာဂူဆန်မှာ အသက်အန္တရာယ် လွန်စွာစိုးရိမ်ရသည့်အခြေအနေ၌ ရှိနေကြောင်း ခွဲစိတ်ကုသမှုကို ဦးစီးဆောင်ရွက်ခဲ့သည့် ဆရာဝန်များက မှတ်ချက်ပေးအပ်သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုညစာ တည်ခင်းကျွေးမွေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူလက်ထောက်နည်းပြဟောင်း မြူလန်စတင်းသည် ဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်မှာ ရာထူးမနုတ်ထွက်မီတွင် ဒေါ့မွန်ကစားသမားသုံးဦးကို မန်ယူထံသို့ခေါ်ယူရန် စောင့်ကြည့်ခဲ့ပြီး ဖာဂူဆန်သာ မန်ယူနည်းပြအဖြစ် ဆက်ရှိနေမည်ဆိုပါက ယင်းကစားသမားများမှာ မန်ယူထံသို့ ကျိန်းသေပြောင်းရွှေ့ရောက်ရှိလာနိုင်သည်ဟုလည်း မြူလန်စတင်းက မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးအသင်း၏တက်သစ်စ လူငယ်ကစားသမား အလက်ဇန္ဒားအာနိုးလ်၏အဖွားဖြစ်သူသည် မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်၏အချစ်ဦးဖြစ်ပြီး အလက်ဇန္ဒားအာနိုးလ်၏အဖွားနှင့် ၎င်းအကြား ပတ်သက်ခဲ့မှုကို ဖာဂူဆန်က ၎င်း၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်၌ပင်လျှင် ထည့်သွင်းဖော်ပြခဲ့ဖူးကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်းအနေနှင့် အကျပ်အတည်းများ ရင်ဆိုင်ကြုံဆုံနေရချိန်တွင် အနားယူသွားခဲ့ပြီဖြစ်သော မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်ထံမှနေ၍ အားပေးထောက်ခံမှုများ အဆက်မပြတ် ရရှိခဲ့ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး ၎င်းအနေနှင့် နည်းပြဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ဖာဂူဆန်နှင့် စကားစစ်ထိုးမှုများ၊ အချေအတင်ဖြစ်မှုများ မကြာခဏရှိခဲ့သော်လည်း လက်ရှိတွင်မူ ၎င်းနှင့်ဖာဂူဆန်တို့၏ဆက်ဆံရေးမှာ လွန်စွာရင်းနှီးသောမိတ်ဆွေများအဖြစ် ရှိနေပြီဟုလည်း အာစင်ဝင်းဂါးက ပြောကြားသွားခဲ့သေးကြောင်း Sportmail က ဖော်ပြထားသည်။
ဖာဂူဆန်ခေတ်အလွန် မန်ယူဆီကို ရောက်လာတဲ့ နည်းပြတိုင်းဟာ သူတို့နည်း သူတို့ဟန်နဲ့ ကျောနံပါတ် ၇ လက်သစ် ကစားသမားတစ်ဦးစီကို စင်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မန်ယူရဲ့ကျောနံပါတ် ၇ ဆိုတာကလည်း တော်တန်ရုံ အရှိန်အဝါမျိုး မဟုတ်ပါဘူး။ ဒီကျောနံပါတ်ကို ဆက်ခံခွင့်ရတဲ့ ကစားသမားဟာ သမိုင်းမှတ်တမ်းတစ်ခုကို ရေးထိုးဖို့ အခွင့်အရေးရတာနဲ့ အတူတူပဲဖြစ်ပါတယ်။ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနဲ့ စီရော်နယ်ဒိုတို့ဟာ မန်ယူရဲ့ကျောနံပါတ် ၇ ဂျာစီကို ၀တ်ဆင်ပြီး ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘ၀ဖြတ်သန်းမှုကို တည်ထောင်ခဲ့ကြသူတွေပါ။ အဲ့ဒီမတိုင်ခင်ကလည်း ဂျော့ခ်ျဘက်စ်နဲ့ ဘရိုင်ယန်ရော့ဘ်ဆင်တို့လို ပရိသတ်ချစ် ကျောနံပါတ် ၇ ကစားသမားတွေ မန်ယူဆီမှာ ရှိခဲ့ဖူးပါတယ်။
မန်ယူအသင်းသည် တိုက်စစ်မှူး ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် နည်းပြဖာဂူဆန်လက်ထက်ကတည်းကပင် ကမ်းလှမ်းဆက်သွယ်ခဲ့ဖူးပြီး ဖာဂူဆန်မှာ ၂၀၁၁ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဆန်းချက်ဇ်ကိုခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် ၂၀၀၃-၀၄ ဘောလုံးရာသီတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အာဆင်နယ်အသင်းကို ရှုံးပွဲမရှိစံချိန်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်စေခဲ့သောစံချိန်ကို မည်သူကမျှ ချိုးဖျက်နိုင်လိမ့်မည်မဟုတ်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။