News

POST TAGGED AS

SERIE A

08-Mar-2018 tagged as Soccer Serie A Astori Fiorentina
လွန်ခဲ့သည့် တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့သည့် ဖီအိုရင်တီးနားအသင်းခေါင်းဆောင် အက်စ်တိုရီ၏အသုဘအခမ်းအနားကို ယနေ့(ကြာယပတေးနေ့)၌ ဖီအိုရင်တီးနားအသင်းအခြေစိုက်ရာ ဖလောရင့်စ်မြို့ရှိ ဆန်တာစီခရိုစီ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ကျင်းပခဲ့ရာ ပရိသတ်ထောင်ပေါင်းများစွာ တက်ရောက်၍ အက်စ်တိုရီကို နောက်ဆုံးအဖြစ် ဂါရ၀ပြုနှုတ်ဆက်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
07-Mar-2018 tagged as Soccer Serie A Astori Fiorentina
ဖီအိုရင်တီးနားအသင်းတာဝန်ရှိသူများသည် လွန်ခဲ့သည့်တနင်္ဂနွေနေ့၌ ကွယ်လွန်သွားခဲ့သော အသင်းခေါင်းဆောင် အက်စ်တိုရီကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးသွားတော့မည်ဖြစ်ပြီး စာချုပ်သစ်၏သက်တမ်းမှာ လေးနှစ်ဖြစ်လိမ့်မည်ဟု ဖီအိုရင်တီးနားအသင်းက သတင်းထုတ်ပြန်ထားကြောင်း Sky Sports က ဖော်ပြထားသည်။
07-Mar-2018 tagged as Soccer Serie A Astori Fiorentina Cagliari
အီတလီစီးရီးအေကလပ်အသင်းများဖြစ်ကြသည့် ဖီအိုရင်တီးနားနှင့် ကက်ဂလီယာရီတို့သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့၌ ကွယ်လွန်သွားခဲ့သော ဖီအိုရင်တီးနား အသင်းခေါင်းဆောင် အက်စ်တိုရီကို ဂုဏ်ပြုရန်အတွက် ၎င်းဝတ်ဆင်ကစားခဲ့သည့် ကျောနံပါတ် ၁၃ ကို အနားပေးလိုက်ပြီဖြစ်ကြောင်း Tutto Sport က ဖော်ပြထားသည်။
04-Mar-2018 tagged as Soccer Serie A Astori Fiorentina
ဖီအိုရင်တီးနားအသင်းခေါင်းဆောင် အက်စ်တိုရီသည် အသင်းတည်းခိုရာဟိုတယ်တွင် အိပ်ပျော်နေလျက်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ သေဆုံးရသည့်အကြောင်းရင်းကိုမူ စစ်ဆေးအဖြေရှာဆဲဖြစ်ကြောင်း ဖီအိုရင်တီးနားအသင်းက သတင်းထုတ်ပြန်ထားသည်ဟု Tutto Sport က ဖော်ပြထားသည်။
လာဇီယိုနည်းပြ ဆီမြွန်နီ အင်ဇာဂီသည် အေစီမီလန်က လာဇီယိုကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော စီးရီးအေပွဲစဉ်တွင် အေစီမီလန်တိုက်စစ်မှူး ပက်ထရစ် ကူထရုန်း သွင်းယူသည့်ဂိုးကို ခွင့်ပြုပေးလိုက်ခြင်းနှင့်စပ်လျဉ်း၍ ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ကြောင်း Tutto Sport က ဖော်ပြထားသည်။
အင်တာမီလန်အသင်း ကွင်းလယ်ကစားသမား ဂျောင်မာရီယိုသည် နည်းပြ စပယ်လက်တီလက်အောက်တွင် ၎င်းအနေနှင့် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရသည်ကို အလွန်အမင်း စိတ်ပျက်နေပြီဖြစ်ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး အင်တာမီလန်အသင်းတာဝန်ရှိသူများကလည်း ဂျောင်မာရီယိုမှာ အသင်းက ထွက်ခွာခွင့်ပြုရန် ၎င်းတို့ထံ တင်ပြတောင်းဆိုထားပြီဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပြီဖြစ်သည်ဟု Football Italia က ဖော်ပြထားသည်။
21-Dec-2017 tagged as Soccer Serie A Lazio Lazio Fans Immobile
လာဇီယိုအသင်းအားပေးသူများသည် တိုရီနိုက လာဇီယိုကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် အီတလီစီးရီးအေပွဲစဉ်ကို တာဝန်ယူ ပွဲကြီးကြပ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီးနှင့် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးတို့ကို ဥပဒေကြောင်းအရ တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
21-Dec-2017 tagged as Soccer Real Madrid Serie A Icardi Inter Milan
အင်တာမီလန်အသင်းသည် ရီးရဲလ်မက်ဒရစ်အသင်း ခေါ်ယူရန် စီစဉ်ထားသည့် ပစ်မှတ်ကစားသမားစာရင်းတွင် ပါရှိနေသော ၎င်းတို့၏တိုက်စစ်မှူး အိုင်ကာဒီကို စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိထားပြီဖြစ်၍ များမကြာမီအချိန်အတွင်း စာချုပ်သစ် အထမြောက် အကောင်အထည်ပေါ်လာလိမ့်မည်ဟု အင်တာမီလန်အသင်းတာဝန်ရှိသူများက ယုံကြည်မျှော်လင့်နေကြပြီဖြစ်ကြောင်း Fotball Italia က ဖော်ပြထားသည်။
14-Dec-2017 tagged as Soccer Serie A AC Milan Donnarumma Bonucci
အေစီမီလန်ဂိုးသမား ဒွန်နာရမ်းမားသည် အေစီမီလန်က ဟဲလပ်စ်ဗီရိုနာကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ကိုပါအီတာလီယာဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွင် အသင်းအားပေးသူ ပရိသတ်များက ၎င်းကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိုးနှက်တိုက်ခိုက်စော်ကားခဲ့သည့်အတွက် လွန်စွာ စိတ်ထိခိုက်လျက်ရှိပြီး လက်ရှိအခြေအနေများအရ ဒွန်နာရမ်းမားမှာ လာမည့်ဇန်နဝါရီလအတွင်း၌ပင် အသင်းပြောင်းရန် ကြိုးပမ်းလာဖွယ်ရှိနေပြီဖြစ်ကြောင်း Corrie Della Sport က ဖော်ပြထားသည်။
28-Nov-2017 tagged as Soccer Serie A Buffon Juventus
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် ၂၀၁၆-၁၇ ဘောလုံးရာသီ စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးအသင်းရွေးချယ်ရာတွင်လည်း ဂျူဗင်တပ်အသင်းက ကစားသမား ခုနစ်ဦးဖြင့် အရေအတွက်အများဆုံး ပါဝင်သွားခဲ့ကြောင်း Football Italia က ဖော်ပြထားသည်။