News

POST TAGGED AS

SERIE A

ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူမပေးလိုသော ပြောင်းရွှေ့ကြေးကို ပေးချေ၍ လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူရန် ကြိုးပမ်းသွားတော့မည်ဖြစ်ကာ ရီးရဲလ်မက်ဒရစ်သာ အမှန်တကယ် ကြားဝင်လာခဲ့မည်ဆိုပါက မန်ယူမှာ ဆာဗစ်ကိုခေါ်ယူနိုင်ရေး၌ အခက်အခဲများကို ရင်ဆိုင်ကြုံဆုံရတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
အေစီမီလန်အသင်းတာဝန်ရှိသူများသည် အသင်းပွဲထွက်ဂိုးသမား ဒွန်နာရမ်းမားကို ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာနှင့် အလဲအထပ်လုပ်လိုက်ရန် ကြံစည်နေပြီဖြစ်ပြီး ဒွန်နာရမ်းမား၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့် အေစီမီလန်ဒါရိုက်တာဘုတ်အဖွဲ့အကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေသည့်အချက်ကလည်း အေစီမီလန်ကို ဒွန်နာရမ်းမား စွန့်ခွာဖြစ်စေရန်အတွက် တွန်းအားတစ်ရပ်ဖြစ်လျက်ရှိကြောင်း Football Italia က ဖော်ပြထားသည်။
03-Jun-2018 tagged as Soccer Real Madrid Serie A Roma Alisson
ရိုးမားအသင်းဂိုးသမား အယ်လ်လီဆန်သည် ချယ်လ်ဆီးနှင့် လီဗာပူးတို့က ၎င်းကို ခေါ်ယူရန် ကမ်းလှမ်းနေသော်လည်း ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်ရန်သာ ရည်မှန်းချက်ထားရှိနေကြောင်း Daily Mail က ဖော်ပြထားသည်။
01-Jun-2018 tagged as Soccer Serie A Roma Ante Coric
အီတလီစီးရီးအေကလပ် ရိုးမားအသင်းသည် ခရိုအေးရှားမက်ဆီဟု တင်စားခြင်းခံရသည့် အသက် ၂၁ နှစ်အရွယ် လူငယ်ကစားသမားလေးကို လက်မှတ်ရေးထိုးခေါ်ယူလိုက်ပြီဖြစ်ပြီး ယင်းကစားသမားလေးမှာ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ကွင်းလယ်လူ အန်တီကိုရစ်ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
31-May-2018 tagged as Soccer Manchester City Serie A Napoli Jorginho
နာပိုလီကွင်းလယ်ကစားသမား ဂျော်ဂျင်ညိုသည် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးထံသို့ ပြောင်းရွှေ့ရန် ဆွေးနွေးညှိနှိုင်းနေခြင်းများနှင့်စပ်လျဉ်း၍ လာမည့်တနင်္လာနေ့တွင် ယှဉ်ပြိုင်ကစားမည့် အီတလီနှင့် နယ်သာလန်တို့၏နိုင်ငံတကာခြေစမ်းပွဲအပြီးတွင် အပြီးသတ်ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
24-May-2018 tagged as Soccer Serie A Napoli Carlo Ancelotti
စီးရီးအေကလပ် နာပိုလီအသင်းသည် နည်းပြ ဆာရီကို ရာထူးထုတ်ပယ်လိုက်အပြီးတွင် ဝါရင့်နည်းပြကြီး အန်စလော့တီကို အသင်းနည်းပြသစ်အဖြစ် တာဝန်ပေးအပ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
24-May-2018 tagged as Soccer Serie A Parma
ဘဏ္ဍာရေးအရှုပ်အထွေးပြဿနာများကြောင့် စီးရီးဒီထိတိုင် တန်းဆင်းသွားခဲ့ရသော ပါးမားအသင်းသည် လက်ရှိတွင် စီးရီးအေသို့ တန်းပြန်လည် တက်ရောက်လာနိုင်ခဲ့ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
15-May-2018 tagged as Soccer Serie A Napoli Elseid Hysaj
မန်ယူနည်းပြ မော်ရင်ညိုသည် စီးရီးအေအခြေစိုက် ကစားသမားအများစုကို ခေါ်ယူ၍ အသင်းကို ပြင်ဆင်ဖွဲ့စည်းရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် နာပိုလီညာနောက်ခံလူ ဟိုင်းဆတ်ဂ်ျကို ခေါ်ယူရရှိနိုင်ရေးအတွက် မော်ရင်ညိုက အရှိန်မြှင့် ကြိုးပမ်းနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် ဂျူဗင်တပ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုကို ခေါ်ယူနိုင်ရန်အတွက် အခွင့်အလမ်းကောင်းတစ်ရပ်ကို ရရှိပိုင်ဆိုင်ထားပြီဖြစ်ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် အဲလက်စ်ဆန်ဒရိုအပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့်ဆွေးနွေးမှုများကို မန်ယူနှင့် ဂျူဗင်တပ်တို့က စတင်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
14-May-2018 tagged as Soccer Serie A Napoli Carlo Ancelotti
နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တေးစ်သည် အသင်းနည်းပြ ဆာရီကို လက်လွှတ်လိုက်ရပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်နိုင်စေရန်အတွက် ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ဝါရင့်နည်းပြကြီး အန်စလော့တီကိုခေါ်ယူရန် အစီအစဉ် ရေးဆွဲနေပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။