News

POST TAGGED AS

SERIE A

24-Jul-2018 tagged as Soccer Serie A C Ronaldo Juventus
ဂျူဗင်တပ်အသင်းသည် တိုက်စစ်မှူးသစ် စီရော်နယ်ဒိုကို ဆေးစစ်ရာတွင် တွေ့ရှိခဲ့ရသော ကျန်းမာရေးအညွှန်းကိန်းများကို ထုတ်ပြန်ကြေညာလိုက်ရာ ယင်းအညွှန်းကိန်းများအရ စီရော်နယ်ဒိုမှာ အသက် ၂၀ အရွယ် ကစားသမားတစ်ဦးထက်ပင် အပြတ်သာလွန်နေသည်ကို တွေ့ရှိရကြောင်း Football Italia က ဖော်ပြထားသည်။
22-Jul-2018 tagged as Soccer Serie A Perisic Inter Milan
အင်တာမီလန်နည်းပြ စပယ်လက်တီသည် အသင်းတိုက်စစ်တောင်ပံကစားသမား ပီရီဆစ်ကို အသင်းထံတွင် ဆက်လက် ထိန်းသိမ်းထားနိုင်စေရန်အတွက် ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းအားလုံးကို ၎င်းတို့အနေနှင့် အသုံးပြုသွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
19-Jul-2018 tagged as Soccer Serie A C Ronaldo Juventus Cassano
ကစားသမားဘ၀က အနားယူသွားခဲ့ပြီဖြစ်သော အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်း ကာဆာနိုသည် ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုမှာ လက်ရှိအချိန်တွင် စီးရီးအေ၌ တစ်ရာသီလျှင် သွင်းဂိုး ၃၀ မှ ၄၀ အကြားရယူနိုင်မည့် စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
17-Jul-2018 tagged as Soccer Mourinho Serie A C Ronaldo Juventus
မန်ယူနည်းပြ မော်ရင်ညိုသည် အီတလီစီးရီးအေမှာ လက်ရှိဘောလုံးရာသီကစတင်၍ ကမ္ဘာ့အရေးအပါဆုံး လိဂ်ပြိုင်ပွဲကြီး ပြန်ဖြစ်လာတော့မည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း Football Italia က ဖော်ပြထားသည်။
17-Jul-2018 tagged as Soccer Serie A C Ronaldo Juventus
ဂျူဗင်တပ်တိုက်စစ်မှူးသစ် စီရော်နယ်ဒိုသည် အခြားသောကစားသမားများမှာ ယခုကဲ့သို့သော အသက်အရွယ်မျိုး၌ တရုတ် သို့မဟုတ် ကာတာလိဂ်သို့ ပြောင်းကစားရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ဟု မှတ်ချက်ပေးပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
17-Jul-2018 tagged as Soccer Serie A C Ronaldo Juventus
ဂျူဗင်တပ်အသင်းသည် အသင်းတိုက်စစ်မှူးသစ် စီရော်နယ်ဒို၏ပုံစံတူရုပ်တုများကို အသင်းအခြေစိုက်ရာ တူရင်မြို့တစ်ဝန်းတွင် ထားရှိရန် စီစဉ်နေပြီဖြစ်ပြီး ယင်းသို့ စီရော်နယ်ဒိုရုပ်တုများ ထုလုပ်ရန် စီစဉ်ရခြင်းမှာ ဂျူဗင်တပ်အသင်းအားပေးသူများနှင့် တူရင်မြို့သို့လာရောက်သော ကမ္ဘာလှည့်ခရီးသည်များ ယင်းရုပ်တုရှေ့တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်စေရန်အတွက်ဖြစ်ကြောင်း ဂျူဗင်တပ်အသင်းတာဝန်ရှိသူတစ်ဦးက ရှင်းပြပြောဆိုသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။
12-Jul-2018 tagged as Soccer Serie A C Ronaldo Juventus
ဂျူဗင်တပ်အသင်းပိုင် စတိုးဆိုင်များတွင် ကျောနံပါတ် ၇ ရိုက်နှိပ်ထားသော စီရော်နယ်ဒိုဂျာစီအင်္ကျီများကို ၀ယ်လိုအား လွန်စွာမြင့်တက်နေပြီး ရီးရဲလ်မက်ဒရစ်မှနေ၍ ဂျူဗင်တပ်ထံသို့ စီရော်နယ်ဒို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာချက် ထုတ်ပြန်လိုက်ပြီးချိန်ကတည်းကပင် စီရော်နယ်ဒိုအမည်နှင့် ကျောနံပါတ် ရိုက်နှိပ်ထားသောဂျာစီများကို ဂျူဗင်တပ်အသင်းအားပေးသူများက အဆက်မပြတ် လာရောက်ဝယ်ယူနေခဲ့ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
10-Jul-2018 tagged as Soccer Serie A C Ronaldo Juventus
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အီတလီစီးရီးအေကလပ် ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၈၈ သန်းဖြင့် ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ကလပ်အသင်းနှစ်သင်းလုံးလုံးက အတည်ပြုကြေညာချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
08-Jul-2018 tagged as Soccer Serie A C Ronaldo Juventus
ဂျူဗင်တပ်အသင်းသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူရရှိရန် အနီးစပ်ဆုံးသောအနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံအခြေစိုက် ဂျူဗင်တပ်အသင်းပိုင် Weibo လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်လိုက်သော ဗီဒီယိုတစ်ခုကြောင့် စီရော်နယ်ဒိုမှာ ဂျူဗင်တပ်အသင်းသားဖြစ်နေပြီဟု ယူဆနိုင်သောအကြောင်းတရားများလည်း ရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
15-Jun-2018 tagged as Soccer Real Madrid Serie A Alisson AS Roma
ရီးရဲလ်မက်ဒရစ်အသင်းသည် အီတလီစီးရီးအေကလပ် ရိုးမားထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် ဘရာဇီးလက်ရွေးစင်ဂိုးသမား အယ်လ်လီဆန်ကို ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကာ အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်ပြေသွားခဲ့ပါက အယ်လ်လီဆန်မှာ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။