News

POST TAGGED AS

SEAN DYCHE

20-Jan-2018 tagged as Soccer Premier League Burnley Sean Dyche
ဘန်လေနည်းပြ ရှောင်ဒိုင်ချီသည် ယနေ့ခေတ်ဘောလုံးလောကတွင် ဖြတ်သန်းကျင်လည်နေသော ထိပ်တန်းကစားသမားများအနေနှင့် တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်အဖြစ် ပေါင်တစ်သန်းအထိပင် ရသင့်သည်ဟု ဖွင့်ဟပြောကြားလိုက်ပြီး ဘောလုံးအားကစားနည်းမှာ လက်ရှိတွင် ဖျော်ဖြေရေးအသွင်ဆောင်လာခဲ့ပြီဖြစ်၍ ဖျော်ဖြေရေးသမားများရရှိနေသော အကျိုးခံစားခွင့်မျိုးကို ဘောလုံးသမားများလည်း ရရှိသင့်ကြောင်း ရှောင်ဒိုင်ချီက ထောက်ပြသွားသည်ဟု Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ဘန်လေကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အပြီးတွင် ပွဲကစားနေချိန်အတွင်း ဘန်လေနည်းပြ ရှောင်ဒိုင်ချီနှင့် စကားအချေအတင်ဖြစ်ခဲ့သည့်ကိစ္စကို ပြန်လည်ဝန်ချတောင်းပန်ခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။