News

POST TAGGED AS

SARRI

ဆီနီဂေါလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားနေသော နာပိုလီနောက်ခံလူ ကူလီဘာလေသည် ၎င်း၏ဆရာဟောင်း ဆာရီမှာ ချယ်လ်ဆီးနည်းပြရာထူးကို လက်ခံထားပြီးပြီဖြစ်ကြောင်း အတည်ပြုသွားခဲ့ပြီဖြစ်ပြီး ချယ်လ်ဆီးပရိသတ်များမှာ ဆာရီလက်ထက်တွင် ဖျော်ဖြေမှုရသအပြည့်ပါရှိသည့် ဘောလုံးကစားဟန်ကို မြင်တွေ့ကြရလိမ့်မည်ဟုလည်း ကူလီဘာလေက ထပ်လောင်း အသိပေးသွားခဲ့သေးကြောင်း Mail Online က ဖော်ပြထားသည်။
12-Jun-2018 tagged as Soccer Chelsea Napoli David Luiz Sarri
ချယ်လ်ဆီးအသင်းသည် နည်းပြကွန်တီကို ရာထူးထုတ်ပယ်ရန် စီစဉ်ထားသော်လည်း နည်းပြသစ်တစ်ဦး ရှာဖွေရရှိခြင်း မရှိသေးသောကြောင့် ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် နှောင့်နှေးမှုများရှိနေပြီး လက်ရှိတွင်မူ နာပိုလီနည်းပြဟောင်း ဆာရီဘက်သို့ ချယ်လ်ဆီးက တစ်ကျော့ပြန်လည် ဦးလှည့်လိုက်ပြန်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် နည်းပြကွန်တီကို ရာထူးထုတ်ပယ်၍ ယင်းနေရာတွင် နည်းပြသစ်အဖြစ် နာပိုလီနည်းပြဟောင်း ဆာရီကို ခန့်အပ်ရန် စီစဉ်နေပြီဖြစ်ပြီး အေဘရာမိုဗစ်ခ်ျနှင့် ဆာရီတို့မှာ လွန်ခဲ့သည့် ကြာသပတေးနေ့၌ ချယ်လ်ဆီးနည်းပြရာထူးအတွက် နှစ်ဦးနှစ်ဖက် မျက်နှာချင်းဆိုင် စကားပြောဆိုခဲ့ပြီးပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် နည်းပြကွန်တီကို ရာထူးထုတ်ပယ်လိုက်ရန် ကျိန်းသေလုနီးပါးရှိသွားခဲ့ပြီဖြစ်ကာ နာပိုလီနည်းပြ ဆာရီမှာ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာရန် လွန်စွာနီးစပ်လျက်ရှိကြောင်း The Mirror က ဖော်ပြထားသည်။
01-May-2018 tagged as Soccer Premier League Chelsea Serie A Sarri
နာပိုလီနည်းပြ ဆာရီသည် အီတလီစီးရီးအေပြိုင်ပွဲကို ဂျူဗင်တပ်တစ်သင်းတည်းကသာ ကြီးစိုးထားသည့်အခြေအနေကို လွန်စွာ စိတ်ကုန်နေပြီဖြစ်ပြီး ၎င်းအနေနှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် အီတလီကို စွန့်ခွာလိုကြောင်းလည်း ဆာရီက အသိပေးထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
28-Apr-2018 tagged as Soccer Premier League Serie A Napoli Sarri
အီတလီစီးရီးအေကလပ် နာပိုလီအသင်းကို တာဝန်ယူဦးဆောင်နေသည့် နည်းပြဆာရီသည် အသင်းနှင့်စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေခဲ့ပါက ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိနေပြီဖြစ်ပြီး လက်ရှိတွင် ချယ်လ်ဆီးအသင်းမှာ နည်းပြကွန်တီကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက်ခေါ်ယူမည့် နည်းပြသစ်လျာထားစာရင်းတွင် ဆာရီကို ထည့်သွင်းထားကြောင်း Daily Star က ဖော်ပြထားသည်။