News

POST TAGGED AS

SAM ALLARDYCE

16-May-2018 tagged as Soccer Premier League Everton Sam Allardyce
အဲဗာတန်အသင်းနည်းပြ ဆမ်အလာဒွိုက်စ်သည် အသင်းနှင့်လမ်းခွဲသွားခဲ့ပြီဖြစ်ကာ လက်ရှိတွင် အဲဗာတန်က ဆမ်အလာဒွိုက်စ်၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် နည်းပြသစ်တစ်ဦး ရှာဖွေနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အဲဗာတန်နည်းပြ ဆမ်အလာဒွိုက်စ်သည် ၎င်းအနေနှင့် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်ကို ခေါ်ယူနိုင်ရန် အဆင်ပြေဖွယ် မရှိတော့ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး အဲဗာတန်ထံသို့ ဂျီရုဒ်ပြောင်းရွှေ့မည့်အစီအစဉ်ကို အဓိက တားမြစ်မည့်သူမှာ ဂျီရုဒ်၏ဇနီးသည်ဖြစ်နေကြောင်း ဆမ်အလာဒွိုက်စ်က ပြောကြားလိုက်သည်ဟု The Mirror က ဖော်ပြထားသည်။
30-Nov-2017 tagged as Soccer Premier League Everton Sam Allardyce
ပရီးမီးယားလိဂ် ဝါရင့်နည်းပြတစ်ဦးဖြစ်သည့် ဆမ်အလာဒွိုက်စ်သည် တစ်နှစ်လုပ်ခလစာ ပေါင်ခြောက်သန်း အကျိုးခံစားခွင့်ရရှိမည့် ၁၈ လသက်တမ်း စာချုပ်တစ်ရပ်ဖြင့် အဲဗာတန်ကို တာဝန်ယူလိုက်ပြီဖြစ်ကာ အဲဗာတန်နည်းပြရာထူးအတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးရာတွင် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အသင်းအတွက် ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ဦး ခေါ်ယူပေးရေးကို ဆမ်အလာဒွိုက်စ်က တောင်းဆိုခဲ့ပြီး အဲဗာတန်အသင်းတာဝန်ရှိသူများကလည်း လက်ခံသဘောတူညီထားကြောင်း Daily Star က ဖော်ပြထားသည်။
29-Nov-2017 tagged as Soccer Premier League Everton Sam Allardyce
အဲဗာတန်အသင်းသည် ရာထူးထုတ်ပယ်လိုက်သည့် နည်းပြ ရော်နယ်ကိုးမန်း၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် နည်းပြသစ်ခေါ်ယူလိုက်နိုင်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ပရီးမီးယားလိဂ်ဝါရင့်နည်းပြတစ်ဦးဖြစ်သူ ဆမ်အလာဒွိုက်စ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် အပြီးသတ်သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ကြောင်း အဲဗာတန်က ကြေညာချက်ထုတ်ပြန်ထားပြီဟု The Sun က ဖော်ပြထားသည်။
29-Oct-2017 tagged as Soccer Premier League Everton Sam Allardyce
အဲဗာတန်အသင်းတာဝန်ရှိသူများသည် ရာထူးလစ်လပ်နေဆဲဖြစ်သော အသင်းနည်းပြရာထူးအတွက် ဆန်းဒါးလန်းနှင့် ခရစ္စတယ်ပဲလေ့စ်နည်းပြဟောင်း ဆမ်အလာဒွိုက်စ်ကိုခေါ်ယူရန် အလေးအနက်ထား စဉ်းစားနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။