News

POST TAGGED AS

SALAH

25-Mar-2018 tagged as Liverpool Soccer Premier League Salah
လီဗာပူးတိုက်စစ်မှူး ဆာလားဟ်၏တန်ကြေးသည် ရိုးမားမှနေ၍ လီဗာပူးထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့အပြီး ခြောက်လအကြာတွင် နှစ်ဆနီးပါး မြင့်တက်သွားခဲ့ပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဆာလားဟ်၏တန်ကြေးမှာ ထပ်မံမြင့်တက်သွားနိုင်သေးကြောင်း The Mirror က ဖော်ပြထားသည်။
04-Mar-2018 tagged as Liverpool Soccer Premier League Salah Firmino
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် တိုက်စစ်မှူး ဖာမင်ညိုကို စာချုပ်သစ်တစ်ရပ် အမြန်ဆုံးလက်မှတ်ရေးထိုးပေးပါရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းတောင်းဆိုသွားခဲ့ပြီဖြစ်ကာ လက်ရှိတွင် ဖာမင်ညိုကို ခေါ်ယူရန် ပြိုင်ဘက်ကလပ်များက စောင့်ကြည့်မှုများရှိလာခဲ့ပြီဖြစ်၍ စာချုပ်သစ်ချုပ်ဆိုထားနိုင်မှသာလျှင် စိတ်ချရလိမ့်မည်ဖြစ်ကြောင်းလည်း ဂျာဂင်ကလော့ပ်က ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
ဘာစီလိုနာတိုက်စစ်မှူးဟောင်း အီတူးသည် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို မက်ဆီနှင့် စီရော်နယ်ဒိုတို့ကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားသည့်ကစားသမားဟု ချီးမွမ်းခန်းဖွင့်သွားခဲ့ပြီး ဆာလားဟ်မှာ များမကြာမီကာလအတွင်း ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ကစားသမားတစ်ဦးအဖြစ်သို့ သေချာပေါက် ရောက်ရှိလာတော့မည်ဖြစ်ကြောင်းလည်း အီတူးက ဆက်လက်မှတ်ချက်ပေးသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော လီဗာပူးနောက်ခံကစားသမားဟောင်း ကာရေဂါသည် လီဗာပူးနှင့် စပါးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးအတွက် ဆာလားဟ်သွင်းယူပေးခဲ့သော ဒုတိယမြောက်ဂိုးကို ပညာသားပါသည့် သေသပ်လှပသောသွင်းဂိုးဟု ချီးမွမ်းခန်းဖွင့်လိုက်ကာ လက်ရှိဘောလုံးလောကအတွင်း ယင်းကဲ့သို့သောဂိုးမျိုးကို ဆာလားဟ်အပြင် နောက်ထပ်သွင်းယူနိုင်စွမ်းရှိသူမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသာရှိသည်ဟုလည်း ကာရေဂါက မှတ်ချက်ပေးအပ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းအနေနှင့် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို ကစားသမားကောင်းတစ်ဦးအဖြစ် လေးစားမှုအပြည့်ရှိသော်လည်း ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့်နှိုင်းယှဉ်ခြင်းကိုမူ လက်မခံနိုင်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။
20-Dec-2017 tagged as Liverpool Soccer Premier League Mane Salah
လီဗာပူးအသင်းသည် အသင်းတိုက်စစ်တောင်ပံကစားသမားများဖြစ်ကြသည့် ဆာလားဟ်နှင့် မာနေးတို့ကို ဂါနာနိုင်ငံတွင် ကျင်းပမည့် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်နိုင်စေရန် ခွင့်ပေးအပ်ထားပြီဖြစ်ပြီး ယင်းဆုပေးပွဲအခမ်းအနားကို မာဆေးဆိုက်ဒ်ဒါဘီပြိုင်ဘက် အဲဗာတန်နှင့် ကစားရမည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မတိုင်မီ တစ်ရက်အလို ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် တိုက်စစ်တောင်ပံကစားသမား ဆာလားဟ်ကို အသင်းထံသို့ခေါ်ယူခဲ့စဉ်၌ ၎င်းအနေနှင့် ဖိအားများစွာကို ရင်ဆိုင်ကြုံဆုံခဲ့ရကြောင်း ဖွင့်ဟ၀န်ခံခဲ့ကာ ကြံ့ခိုင်မှုအသားပေးလွန်းသည့် ပရီးမီးယားလိဂ်တွင် ခန္ဓာကိုယ်အရွယ်အစား သေးငယ်သော ဆာဟားဟ် ယခင်ကဲ့သို့ တစ်ကျော့ပြန်လည် ရုန်ကန်းရမည်ကို လွန်စွာ စိတ်ပူမိခဲ့ကြောင်း ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
လီဗာပူးတိုက်စစ်တောင်ပံကစားသမား ဆာလားဟ်သည် ဘီဘီစီသတင်းဌာနက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး အာဖရိက ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
အီဂျစ်လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်နေသည့် အင်တာမီလန်နည်းပြဟောင်း ဟက်တာကူးပါးသည် ၎င်း၏လက်ရွေးစင်အသင်းတိုက်စစ်မှူး ဆာလားဟ်ကိုခေါ်ယူရန် ရီးရဲလ်မက်ဒရစ်က စောင့်ကြည့်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပြီဖြစ်ပြီး လက်ရှိခြေစွမ်းကိုသာ ဆာလားဟ် ဆက်လက် ထိန်းသိမ်းသွားနိုင်မည်ဆိုပါက လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် ဆာလားဟ်ကိုခေါ်ယူရန်အတွက် ရီးရဲလ်မက်ဒရစ်က ကျိန်းသေ ဆက်သွယ်လာလိမ့်မည်ဟု ဟက်တာကူးပါးက မှတ်ချက်ပေးထားကြောင်း The Mirror က ဖော်ပြထားသည်။