News

POST TAGGED AS

RUSSIA

မော်စကိုတိရစ္ဆာန်ဥယျာဉ်သည် လွန်ခဲ့သည့်တစ်လခန့်က မွေးဖွားခဲ့သော သိမ်းငှက်ငယ်တစ်ကောင်ကို အကင်ဖိဗ်ဟု အမည်ပေးအပ်မှည့်ခေါ်၍ ရုရှားလက်ရွေးစင်အသင်းဂိုးသမား အကင်ဖိဗ်ကို ဂုဏ်ပြုလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
05-Jul-2018 tagged as Soccer Messi World Cup Russia C Ronaldo
ရုရှားနိုင်ငံသား ဇနီးမောင်နှံ စုံတွဲတစ်တွဲသည် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုနှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီတို့အနက် မည်သူက ပိုမိုကောင်းမွန်သည်ကို ငြင်းခုံရာကတစ်ဆင့် လင်ခန်း မယားခန်း ကွာရှင်းပြတ်စဲသည်အထိ ဖြစ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
04-Jul-2018 tagged as Soccer World Cup Russia
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ စိန့်ပီတာစဘတ်ဘောလုံးကွင်းရှေ့တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးက နိုင်ငံ၏လက်ရှိအခြေအနေကို ကမ္ဘာ့ဖလားပြိုင်ပွဲလာရောက်ကြည့်ရှုသူများ သိရှိနိုင်စေရန် ရည်ရွယ်၍ တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း Reuters က ဖော်ပြထားသည်။
04-Jul-2018 tagged as Soccer World Cup Russia Germany Essen
ဂျာမနီနိုင်ငံ အက်စ်ဆင်းမြို့ရှိ ရာဇ၀တ်တရားရုံးသည် ရုရှားနွယ်ဖွား ဂျာမနီနိုင်ငံသားတစ်ဦးကို ရုရှားက စပိန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းအတွက် အေကေ-၄၇ သေနတ် ကိုင်ဆောင်ပစ်ဖောက် အောင်ပွဲခံခဲ့ခြင်းကြောင့် အမှုစွဲဆို စစ်ဆေးနေပြီဖြစ်ကြောင်း Punchng က ဖော်ပြထားသည်။
04-Jul-2018 tagged as Soccer World Cup Russia Denmark
ဒိန်းမတ်တိုက်စစ်မှူး ဂျော်ဂျင်ဆင်သည် ခရိုအေးရှားက ဒိန်းမတ်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူသွားခဲ့သောပွဲစဉ်တွင် အဆုံးအဖြတ် ပင်နယ်တီလွဲချော်ခဲ့သည့်အတွက် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
03-Jul-2018 tagged as IS Soccer World Cup Russia Moscow
ရုရှားရဲတပ်ဖွဲ့သည် မော်စကိုမြို့ရှိ ပရိသတ်စုရပ်တစ်ခုအနီးတွင် သံသယဖြစ်ဖွယ်ရာ အထုပ်တစ်ထုပ်တွေ့ခဲ့၍ လမ်းမများအားလုံးကို ပိတ်ဆို့၍ စစ်ဆေးမှုများ ဆောင်ရွက်လိုက်ကြရကြောင်း The Mirror က ဖော်ပြထားသည်။
03-Jul-2018 tagged as Soccer World Cup Russia Akinfeev
ရုရှားနိုင်ငံ၏အထင်ကရဘဏ်တစ်ခုဖြစ်သော Bank of Russia သည် ရုရှားဂိုးသမား အကင်ဖိဗ် ပင်နယ်တီ ကာကွယ်မည့်ဟန်ကို လွန်ခဲ့သည့် တစ်လခန့်ကတည်းက ငွေစက္ကူထုတ်ဝေထားခဲ့ပြီး ယင်းငွေစက္ကူတွင် ထည့်သွင်းရိုက်နှိပ်ထားသောရုပ်ပုံနှင့် စပိန်တိုက်စစ်မှူး အက်စ်ပတ်စ်ကန်သွင်းသော ပင်နယ်တီဘောလုံးကို ဘယ်ခြေထောက်ဖြင့် ကန်ထုတ်ကာကွယ်လိုသည့် ဂိုးသမား အကင်ဖိဗ်၏ဟန်ပန်မှာ လွန်စွာဆင်တူနေကြောင်း The Mirror က ဖော်ပြထားသည်။
02-Jul-2018 tagged as Soccer World Cup Russia Spain VAR System Putin
အင်္ဂလန်ခရစ်ကက်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း မိုက်ကယ်ဗောက်ဂန်သည် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်ကို နောက်ကွယ်မှနေ၍ ကြိုးကိုင်ထားသူမှာ ရုရှားသမ္မတ ပူတင်ဖြစ်နေသည့်အတွက် ရုရှားနှင့်ယှဉ်ပြိုင်ရသည့်ပွဲများတွင် ပြိုင်ဘက်များအနေနှင့် VAR စနစ်ထံမှ အကူအညီ အထောက်အပံ့ရနိုင်ရန် မမျှော်လင့်သင့်ကြောင်း လှောင်ပြောင်သရော်သွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။
20-Jun-2018 tagged as Soccer World Cup Russia
ရုရှားဘောလုံးပရိသတ်များသည် ရုရှားက အီဂျစ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အပြီးတွင် အသင်းအနေနှင့် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရန် သေချာသွားခဲ့ခြင်းကြောင့် လမ်းမများထက်တွင် အရူးအမူး လှည့်လည်အောင်ပွဲခံသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
15-Jun-2018 tagged as Soccer World Cup Russia Saudi Arabia
ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အေဒယ်လ် အက်ဇ်ဇတ်သည် ရုရှားနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် ဆော်ဒီအာရေဗျအသင်း အရှက်တကွဲ အရှုံးရလဒ်ဖြင့် ကြုံဆုံခဲ့ရခြင်းအတွက် အသင်းသားအချို့ကို နိုင်ငံသို့ ပြန်ရောက်ပါက အပြစ်ပေးအရေးယူသွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။