News

POST TAGGED AS

RUI FARIA

နည်းပြ မော်ရင်ညိုနှင့် နှစ်ပေါင်း ၁၇ နှစ်ကြာ လက်တွဲအလုပ်လုပ်ခဲ့သော လက်ထောက်နည်းပြ ရူအီဖာရီရာသည် မန်ယူနှင့် လမ်းခွဲလိုက်ပြီဖြစ်ကာ ၎င်းအနေနှင့် ယခုဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်မှာ အသင်းတစ်သင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူဦးဆောင်လို၍ဖြစ်သည်ဟု ရူအီဖာရီရာက ပြောကြားသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် အသင်းနည်းပြသစ်လျာထားစာရင်းတွင် မန်ယူလက်ထောက်နည်းပြ ရူအီ ဖာရီရာကို ထည့်သွင်းလိုက်ပြီဖြစ်ပြီး အာဆင်နယ်၏နည်းပြသစ်လျာထားစာရင်းတွင် ပါဝင်သူအရေအတွက်မှာ လက်ရှိတွင် ၁၄ ဦးသို့ မြင့်တက်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။