News

POST TAGGED AS

ROY KEANE

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းသည် လက်ရှိနည်းပြ မော်ရင်ညိုမှာ ကစားသမားကောင်းများကို စနစ်တကျဖျက်ဆီးပစ်နေသူဟု ဝေဖန်လိုက်ပြီး မော်ရင်ညို လက်ထဲသို့ ရောက်သွားသည်နှင့် ကမ္ဘာ့အဆင့်ကစားသမားများမှာ သာမန်ကစားသမားဘ၀သို့ ရောက်သွားတော့သည်ဟု ရွိုင်ကိန်းက မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းသည် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စပါးကိုစွန့်ခွာ၍ အသင်းပြောင်းရန် ကျိန်းသေပေါက် ကြိုးပမ်းလာလိမ့်မည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ချန်ပီယံလိဂ်တွင် စပါးမှာ သာမန်အဆင့်ထက် မပိုနိုင်သေးသည်ကို နားလည်သဘောပေါက်သွားခြင်းက ဟယ်ရီကိန်းကို အသင်းပြောင်းရန် စေ့ဆော်လာလိမ့်မည်ဟု ရွိုင်ကိန်းက သုံးသပ်သွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။