News

21-Aug-2018

C Ronaldo UEFA Salah Modric Player of the Year
ယူအီးအက်ဖ်အေ တစ်နှစ်အကောင်းဆုံးကစားသမားဆု နောက်ဆုံးအဆင့်ဆန်ခါတင်ကစားသမားစာရင်း ထွက်ပေါ်

လန်ဒန်၊ သြဂုတ် ၂၁

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် တစ်နှစ်အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးအဆင့် ဆန်ခါတင်ကစားသမားသုံးဦးစာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ရာ ယင်းဆန်ခါတင်စာရင်းတွင် ပါဝင်သွားခဲ့ကြသူများမှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်၊ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်တို့ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ယူအီးအက်ဖ်အေသည် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အထောက်အပံ့များ မပါဝင်ဘဲ ၎င်းတို့တစ်ဦးတည်း သီးသန့်မူပိုင်အဖြစ် ၂၀၁၁ ခုနှစ်က စတင်ပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးသုံးနှစ်တာကာလအတွင်း ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နောက်ဆုံးအဆင့် ဆန်ခါတင်ကစားသမားသုံးဦးစာရင်းထုတ်ပြန်ရာတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ နှစ်ကြိမ်တိုင် မပါရှိခဲ့သည်မှာလည်း ထူးခြားချက်တစ်ရပ်သဖွယ် ဖြစ်လျက်ရှိသည်။

လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ယူအီးအက်ဖ်အေက သီးသန့်မူပိုင်အဖြစ် ကြီးကြပ်ကွပ်ကဲကာ ချီးမြှင့်သော အချိန်ကာလအတွင်း နောက်ဆုံးအဆင့် ဆန်ခါတင်ကစားသမားသုံးဦးစာရင်းတွင် ပါဝင်ခွင့်ရခဲ့သော ပထမဆုံးပရီးမီးယားလိဂ်ဘောလုံးသမား၊ ပထမဆုံးအာဖရိကနွယ်ဖွားဘောလုံးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ယင်းဆုကို စီရော်နယ်ဒိုက စံချိန်တင်အရေအတွက်ဖြင့် သုံးကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်သည်။




FOLLOW US