News

POST TAGGED AS

ROONEY

အဲဗာတန်တိုက်စစ်မှူး ရူနီသည် မန်စီးတီးအသင်း၏လက်ရှိစွမ်းဆောင်ရည်မှာ ဘာစီလိုနာအသင်းနီးပါး ကောင်းမွန်လာခဲ့ပြီဟု မှတ်ချက်ပေးအပ်လိုက်ပြီး ၎င်း၏အသင်းဟောင်း မန်ယူမှာ လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် မန်စီးတီးကို ကျော်ဖြတ်၍ အမှတ်ပေးချန်ပီယံဆုကို တစ်ကျော့ပြန်လည် ဆွတ်ခူးရယူနိုင်ရန် ရည်မှန်းနေသော်လည်း လွယ်နိုင်လိမ့်မည်မဟုတ်ဟု ရူနီက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
အဲဗာတန်တိုက်စစ်မှူး ရူနီသည် မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်အနေနှင့် ဘောလုံးဆင်းယူခြင်းနှင့် ခံစစ်ဆင်းကူခြင်းတို့ထက် ဂိုးများသွင်းယူပေးနိုင်ရန်ကိုသာ ပိုမို အာရုံစိုက်သင့်ကြောင်း တိုက်တွန်းပြောကြားလိုက်သည်ဟု Daily Star က ဖော်ပြထားသည်။
အဲဗာတန်တိုက်စစ်မှူး ရူနီသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်ကို အရခေါ်ယူပေးပါရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။