News

POST TAGGED AS

ROMA

25-Apr-2018 tagged as Soccer Champions League Roma Di Francesco
ရိုးမားနည်းပြ ဒီဖရန်ဆက်ကိုသည် လီဗာပူးက ရိုးမားကို ငါးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ၎င်းအနေနှင့် အရာရာဖြစ်နိုင်သေးသည်ဟူသော ယုံကြည်ချက် မရှိတော့လျှင် ပြိုင်ပွဲကို ဆက်လက်ကစားနေတော့မည်မဟုတ်ဟု ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Apr-2018 tagged as Liverpool Soccer Champions League Roma
လီဗာပူးရဲတပ်ဖွဲ့တာဝန်ရှိသူများသည် လီဗာပူးအသင်းပရိသတ်တစ်ဦးကို အသက်သေလုမျောပါးဖြစ်သည်အထိ တိုက်ခိုက်ခဲ့မှုဖြင့် ရိုးမားပရိသတ်နှစ်ဦးကို ဖမ်းဆီးထိမ်းသိမ်းလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
11-Apr-2018 tagged as Liverpool Soccer Champions League Roma
ရိုးမားနှင့် လီဗာပူးတို့သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်များတွင် ပြိုင်ဘက်များကို အသီးသီး အနိုင်ယူ၍ ဆီမီးဖိုင်နယ်အဆင့်သို့ ဆက်လှမ်းတက်လှမ်းသွားခဲ့ပြီဖြစ်ကာ ရိုးမားမှာ ပထမအကျော့၌ လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားသည်ကို ပြောင်းပြန်လှန်၍ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
31-Jan-2018 tagged as Soccer Premier League Chelsea Roma Emerson
ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းသည် အီတလီစီးရီးအေကလပ် ရိုးမားအသင်း၏ဘယ်နောက်ခံကစားသမား အီမာဆင် ပယ်လ်မိုင်ရီကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၇ ဒသမ ၅ သန်း ပေးချေခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် ရိုးမားတိုက်စစ်မှူး ဒီဇီကိုနှင့် နောက်ခံလူ ပယ်လ်မိုင်ရီတို့ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၂ သန်းဖြင့် ခေါ်ယူနိုင်ရန် လွန်စွာနီးစပ်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီဖြစ်ပြီး လက်ရှိတွင် ဒီဇီကို၏အကျိုးဆောင်ကိုယ်စားလှယ်များမှာ ၎င်းတို့၏ကစားသမားအတွက် အပြောင်းအရွှေ့ဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက်များဆွေးနွေးရန် ချယ်လ်ဆီးအသင်းအခြေစိုက်ရာ လန်ဒန်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။