News

POST TAGGED AS

ROJO

မန်ယူနည်းပြ မော်ရင်ညိုသည် တိုက်စစ်မှူး မာတီရယ်လ်နှင့် နောက်ခံလူ ရိုဂျိုတို့ကို စာချုပ်သစ်ချုပ်ရန် ဆွေးနွေးရာတွင် နှောင့်နှေးမှုများရှိနေသည့်အတွက် အသင်းတာဝန်ရှိသူများကို ဒေါသပေါက်ကွဲနေပြီး ဆွေးနွေးမှု နှစ်လသက်တမ်းအတွင်း တိုးတက်မှု လုံးဝမရနိုင်ဖြစ်နေသည့်အခြေအနေကို ၎င်းအနေနှင့် သည်းမခံနိုင်တော့ဟုလည်း မော်ရင်ညိုက ပြောကြားထားပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
ဒူးဒဏ်ရာပြဿနာကြောင့် ခုနစ်လကြာ အနားယူခဲ့ရသည့် မန်ယူနောက်ခံလူ ရိုဂျိုသည် လာမည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရုရှားကလပ် စီအက်စ်ကေအေမော်စကိုနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၌ အသင်းအတွက် ပြန်လည်ပွဲထွက်ကစားပေးနိုင်တော့မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။