News

POST TAGGED AS

RIOLA

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းပြောင်းတော့မည်ဖြစ်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ဖွင့်ဟအသိပေးလိုက်ပြီး ကစားသမားဘ၀ဆက်လက်ဖြတ်သန်းရန်အတွက် ပေါ့ဂ်ဘာပြောင်းရွှေ့မည့်နေရာမှာ စပိန်နိုင်ငံဖြစ်သည်ဟုလည်း ရိုင်အိုလာက အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းပရိသတ်များသည် အသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနှင့် ၎င်း၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာတို့မှာ အသင်းသမိုင်းကြောင်း၏ထာဝရအကောင်းဆုံးကစားသမားများစာရင်းတွင် တစ်ဦးအပါအ၀င်ဖြစ်သော ပေါလ်စခိုးကို ဝေဖန်ထိုးနှက် လှောင်ပြောင်ခြင်းဖြင့် အန္တရာယ်အကြီးမားဆုံးဂိမ်းပွဲကို ကစားလိုက်မိပြီဟု သတိပေးစကားပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Aug-2018 tagged as Soccer Premier League Pogba Paul Scholes Riola
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာသည် ပေါ့ဂ်ဘာထံတွင် အသင်းခေါင်းဆောင်အရည်အချင်းမရှိဟု ဝေဖန်ခဲ့သော မန်ယူကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးကို တုံ့ပြန်ထိုးနှက်လိုက်ပြီး ပေါလ်စခိုးမှာ ကျော်ကြားမှုဂုဏ်ပုဒ်တွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဆာဝင်စတာချာချီထက် သာလွန်၍ ဆာဝင်စတန်ချာချီ၏အရှေ့၌ ရပ်တည်နိုင်ခဲ့လျှင်ပင် ခေါင်းဆောင်အရည်အချင်းရှိသူဟု ပေါလ်စခိုးကို မည်သူကမျှ သတ်မှတ်လိမ့်မည်မဟုတ်ဟု ရိုင်အိုလာက ပြောကြားသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသော ရိုင်အိုလာသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ပေါ့ဂ်ဘာက မန်ယူကို စွန့်ခွာ၍ အသင်းပြောင်းနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကို ငြင်းဆန်ပယ်ချလိုက်ပြီး ပေါ့ဂ်ဘာမှာ အသင်းပြောင်းမည်ဆိုပါက မန်ယူနှင့်အတူ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကြီးကို ဆွတ်ခူးရယူပြီးမှသာ ပြောင်းရွှေ့ဖြစ်လိမ့်မည်ဟု ရိုင်အိုလာက အသိပေးသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် အေးဂျင့်ရိုင်အိုလာ၏အကူအညီဖြင့် ၎င်း၏လုပ်ခလစာကို လက်ရှိထက် နှစ်ဆပိုမိုတိုးမြှင့်ပေးရန် မန်ယူအသင်းတာဝန်ရှိသူများထံ တောင်းဆိုသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။