News

POST TAGGED AS

RIO FERDINAND

မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်သည် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ပရီးမီးယားလိဂ်ထံသို့ တစ်ကျော့ပြန်လည်လာရောက်၍ ကစားသမားဘ၀ဖြတ်သန်းရန် ဖိတ်ခေါ်လိုက်ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ထံတွင် ဂါရတ်ဘေးလ်အတွက် ယခုထက်ပို၍ လုပ်ပြစရာဟူ၍ မကျန်ရှိတော့ကြောင်း ဖာဒီနန်က အင်စထရာဂရမ် လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် နည်းပြ မော်ရင်ညိုအနေနှင့် တိုက်စစ်ကစားနိုင်စွမ်းရှိသော ကစားသမာအစုအဖွဲ့တစ်ခုကို ပိုင်ဆိုင်ထားပါလျက်နှင့် မည်သည့်အတွက် ခံစစ်အားပြုသည့် ကစားဟန်ဖြင့် မန်ယူကို ပုံဖော်နေသည်ဆိုခြင်းကို နားမလည်နိုင်ဖြစ်ရပါကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် အာဆင်နယ်မှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ဆန်းချက်ဇ်မှာ ဆန်းချက်ဇ်အစစ်မဟုတ်ဘဲ ဆန်းချက်ဇ်၏အရိပ်ဖြစ်နေသည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။