News

POST TAGGED AS

REAL MADRID

06-Jul-2018 tagged as Soccer Real Madrid C Ronaldo Juventus
ဂျူဗင်တပ်အသင်းသည် စီရော်နယ်ဒိုအတွက် ကျောနံပါတ် ၇ ဂျာစီအင်္ကျီများပင် ရိုက်နှိပ်ထားပြီဖြစ်ကြောင်း သတင်းပေါက်ကြားလာခဲ့ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ စီရော်နယ်ဒို၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် နေမာနှင့် အမ်ဘတ်ပေတို့အနက်မှနေ၍ တစ်ဦးကို အရခေါ်ယူလိမ့်မည်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
06-Jul-2018 tagged as Soccer La Liga Real Madrid C Ronaldo Juventus
မန်ယူအသင်းတာဝန်ရှိသူများသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို အသင်းထံသို့ ပြန်လည်ခေါ်ယူရန်အတွက် ဖြစ်နိုင်ခြေရှိသော နည်းလမ်းအားလုံးဖြင့် ကြိုးပမ်းကြည့်ရန် စီစဉ်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
05-Jul-2018 tagged as Soccer Real Madrid C Ronaldo Juventus Moggi
ဂျူဗင်တပ်အသင်း အမှုဆောင်အရာရှိချုပ်ဟောင်း လူစီယာနို မော့ဂီသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရောက်ရှိမည်မှာ လုံးဝပင် သေချာနေပြီဟု ဖွင့်ဟပြောကြားလိုက်ပြီး လက်ရှိတွင် အပြောင်းအရွှေ့၏နောက်ဆုံးအဆင့်ဖြစ်သော တရားဝင်ကြေညာချက်ထုတ်ပြန်ရန်သာ ကျန်ရှိတော့ကြောင်းလည်း ၎င်းက ဆက်လက် အသိပေးသွားခဲ့သည်ဟု Football Italia က ဖော်ပြထားသည်။
ဟားဇတ်၏ဖခင် သီယာရီသည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်မီတွင် ၎င်း၏သားဖြစ်သူကို ခေါ်ယူပေးပါရန် ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများထံသို့ တိုက်ရိုက်ဆက်သွယ်၍ ကမ်းလှမ်းခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
19-Jun-2018 tagged as Soccer La Liga Real Madrid C Ronaldo PSG
ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းသည် ရီးရဲလ်မက်ဒရစ်ကိုစွန့်ခွာဖွယ် ရှိနေပြီဖြစ်သည့် တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူရန် စီစဉ်နေပြီဖြစ်ကာ စီရော်နယ်ဒိုအတွက် ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၆၅ သန်း၊ တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၄၀ အသုံးပြုရန် ပြင်ဆင်ထားကြောင်း Daily Star က ဖော်ပြထားသည်။
15-Jun-2018 tagged as Soccer Real Madrid Serie A Alisson AS Roma
ရီးရဲလ်မက်ဒရစ်အသင်းသည် အီတလီစီးရီးအေကလပ် ရိုးမားထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် ဘရာဇီးလက်ရွေးစင်ဂိုးသမား အယ်လ်လီဆန်ကို ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကာ အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်ပြေသွားခဲ့ပါက အယ်လ်လီဆန်မှာ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
13-Jun-2018 tagged as Soccer La Liga Real Madrid Gareth Bale
ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်က ၎င်းကိုခေါ်ယူရန်အတွက် ဆက်သွယ်ကမ်းလှမ်းလာခဲ့မှုများကို ငြင်းဆန်ပယ်ချလိုက်ပြီဖြစ်ပြီး ယင်းသို့ ဘိုင်ယန်မြူးနစ်၏ကမ်းလှမ်းမှုကို လက်မခံခဲ့သည်မှာ ၎င်းအောင်မြင်ခဲ့ရာ ပရီးမီးယားလိဂ်ထံသို့ ပြန်လည်ပြောင်းရွှေ့လို၍ဖြစ်သည်ဟုလည်း ဂါရတ်ဘေးလ်က ဖွင့်ဟအသိပေးထားပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။
12-Jun-2018 tagged as Soccer La Liga Real Madrid Julen Lopetegui
ရီးရဲလ်မက်ဒရစ်အသင်းသည် ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်သော လက်ရှိစပိန်လက်ရွေးစင်အသင်းနည်းပြ လိုပီတီဂွီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကာ ရီးရဲလ်မက်ဒရစ်နှင့် လိုပီတီဂွီတို့အကြားတွင် သုံးနှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
12-Jun-2018 tagged as Soccer La Liga Real Madrid C Ronaldo
ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့သည် အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုကို လုပ်ခလစာသစ်ဖြင့် စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းလိုက်သော်လည်း ယင်းစာချုပ်သစ်အတွက် ရီးရဲလ်မက်ဒရစ် ပေးချေမည့် လုပ်ခလစာမှာ နည်းပါးလွန်းနေခြင်းကြောင့် စီရော်နယ်ဒိုက လက်ခံဖွယ်မရှိတော့ကြောင်း The Mirror က ဖော်ပြထားသည်။
12-Jun-2018 tagged as Soccer La Liga Real Madrid
ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများသည် အသင်းနည်းပြသစ်ကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ကြေညာတော့မည်ဖြစ်ကာ လက်ရှိတွင် အသင်းနည်းပြသစ်လျာထားစာရင်း၌ ဆီးဒေါ့ဖ်နှင့် ဘိုအက်စ်တို့ ထပ်တိုးပါဝင်လာခဲ့သည့်အတွက် ရီးရဲလ်မက်ဒရစ်ပရိသတ်များက စိုးရိမ်ပူပန်မှုများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။