News

POST TAGGED AS

REAL MADRID

11-Sep-2018

Soccer La Liga Real Madrid Modric
ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုကို မိုဒရစ်သာ ရသင့်ကြောင်း ရာကီတစ်နှင့် ရာမို့စ်တို့ ထောက်ခံ

မက်ဒရစ်၊ စက်တင်ဘာ ၁၁

ဘာစီလိုနာကွင်းလယ်ကစားသမား ရာကီတစ်နှင့် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်တို့သည် ၂၀၁၈ ခုနှစ် စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်မည့် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မိုဒရစ်သာ ရရှိသင့်သည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။

ရာကီတစ်သည် ၎င်း၏ဘာစီလိုနာအသင်းဖော် မက်ဆီမှာ အကောင်းဆုံးကစားသမားဖြစ်သော်လည်း ယခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုများကမူ ခရိုအေးရှားလက်ရွေးစင်အသင်းဖော် မိုဒရစ်နှင့်သာ ထိုက်တန်သည်ဟု ယူဆမိကြောင်း မှတ်ချက်ပေးသွားခဲ့ပြီး ရာမို့စ်ကလည်း ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်နိုင်စေရန် ပံ့ပိုးကူညီခဲ့ခြင်းနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားလက်ရွေးစင်အသင်းကို ဗိုလ်လုပွဲအထိ တက်ရောက်စေရန် ဦးဆောင်နိုင်ခဲ့ခြင်းများက မိုဒရစ်မှာ ယခုနှစ်တွင် အခြားသောကစားသမားများထက် အရည်အချင်းပိုင်းဆိုင်ရာ သာလွန်လျက်ရှိသည်ကို သက်သေခံလျက်ရှိကြောင်း ထောက်ခံထားသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၁၈ ခုနှစ်စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်မည့် အကောင်းဆုံးကစားသမားဆု နောက်ဆုံးအဆင့်ဆန်ခါတင်စာရင်းကို ထုတ်ပြန်လိုက်ရာတွင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်၊ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်တို့ ပါဝင်လာခဲ့ပြီး အကောင်းဆုံးဆုများအတွက် စဉ်းစားရာတွင် မက်ဆီကို မည်သည့်အတွက် ချန်လှပ်ထားခဲ့သည်ဆိုခြင်းကို ၎င်းအနေနှင့် နားမလည်နိုင်ဖြစ်ရသည်ဟု ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ပြောကြာထားသည်။

မက်ဆီသည် ယမန်နှစ်ဘောလုံးရာသီ၌ လာလီဂါပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမား၊ ဂိုးဖန်တီးမှု အများဆုံးဆောင်ရွက်ပေးနိုင်သူ ကစားသမား၊ အခွင့်အရေးဖန်တီးမှု အများဆုံးဆောင်ရွက်ပေးနိုင်သူ ကစားသမား၊ ဘောလုံးဆွဲပြေးယူ၍ အခွင့်အရေးဖန်တီးမှု အကြိမ်အများဆုံးလုပ်ဆောင်နိုင်ခဲ့သူ ကစားသမား၊ တစ်ဦးချင်း ရင်ဆိုင်တွေ့ဆုံရာတွင် ပြိုင်ဘက်ကစားသမားများကို အကြိမ်အရေအတွက် အများဆုံးကျော်ဖြတ်နိုင်ခဲ့သူ ကစားသမား၊ ဂိုးပေါက်ကန်သွင်းမှု အကြိမ်အရေအတွက် အများဆုံးလုပ်ဆောင်နိုင်ခဲ့သူ ကစားသမား၊ ဂိုးဧရိယာအပြင်ဘက်မှ သွင်းဂိုးရယူနိုင်မှု အများဆုံးကစားသမား၊ ပြစ်ဒဏ်ဘောတိုက်ရိုက်ကန်သွင်း၍ သွင်းဂိုးရယူနိုင်မှု အများဆုံးကစားသမား စသည့်စံချိန်များကို တင်ရှိပိုင်ဆိုင်ခဲ့သူဖြစ်သည်။




FOLLOW US