News

POST TAGGED AS

REAL MADRID

16-Aug-2018 tagged as Soccer La Liga Real Madrid Florentino Perez
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လက်ရှိနွေဈေးကွက်အတွင်း၌ အသင်းကို အင်အားဖြည့်တင်းရန် ငွေထပ်မသုံးတော့ဟု ဆုံးဖြတ်ချက်ချမှတ်ထားခြင်းကို သဘောထားပြင်ဆင်ဖွယ်ရှိနေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် ကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကိုဗာဆစ်ကို အငှားခေါ်ယူရန် သဘောတူညီမှုတစ်ရပ် ရယူလိုက်နိုင်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်စေရန်အတွက် စီစဉ်ရန်ရှိသည်များကို စတင်စီစဉ်နေပြီဟု ချယ်လ်ဆီးက သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
08-Aug-2018 tagged as Soccer La Liga Real Madrid Modric
ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများသည် ကွင်းလယ်ကစားသမား မိုဒရစ်ကို အကျိုးခံစားခွင့်များ တိုးမြှင့်ပေး၍ စာချုပ်သစ်ချုပ်ရန် စီစဉ်နေပြီဖြစ်ပြီး ကမ်းလှမ်းထားမှုကို လက်ခံကာ စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့မည်ဆိုပါက မိုဒရစ်၏တစ်ပတ်လုပ်ခလစာမှာ ပေါင် ၁၃၈,၀၀၀ သို့ မြင့်တက်သွားတော့မည်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
08-Aug-2018 tagged as Soccer La Liga Real Madrid Courtois
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ဂိုးသမား ကော်တွာကို လေ့ကျင့်ရေးဆင်းရန် ပျက်ကွက်ခဲ့ခြင်းကြောင့် နှစ်ပတ်စာ လုပ်ခလစာနှင့်ညီမျှသော ပေါင်နှစ်သိန်းကို ဒဏ်ကြေးအဖြစ် တပ်ရိုက်အရေးယူလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Jul-2018 tagged as Soccer La Liga Real Madrid Hazard
ဟားဇတ်၏ညီဖြစ်သူ ကိုင်လီယန်သည် ဟားဇတ်ကို ရီးရဲလ်မက်ဒရစ်ထံသို့ မပြောင်းရွှေ့ဘဲ ချယ်လ်ဆီးထံတွင်သာ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
15-Jul-2018 tagged as Soccer Chelsea Real Madrid Hazard
ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ဘယ်လ်ဂျီယံက အင်္ဂလန်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလားတတိယနေရာလုပွဲအပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ၎င်းအနေနှင့် ချယ်လ်ဆီးကိုစွန့်ခွာ၍ အသင်းသစ်တစ်သင်းထံသို့ ပြောင်းရွှေ့ရန် အသင့်ရှိနေပြီဟု အတိအလင်း ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Jul-2018 tagged as Soccer Real Madrid Neymar PSG
ရီးရဲလ်မက်ဒရစ်အသင်းသည် ၎င်းတို့အနေနှင့် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို လက်မှတ်ရေးထိုးခေါ်ယူမည် မဟုတ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ပြီး အမ်ဘတ်ပေကို ခေါ်ယူရေးအတွက် ၎င်းတို့နှင့် ပီအက်စ်ဂျီအသင်းအကြားတွင် ဆွေးနွေးမှုများ စတင်နေပြီဟူသောသတင်းများမှာလည်း မှန်ကန်ခြင်း မရှိကြောင်း ရီးရဲလ်မက်ဒရစ်က ဆက်လက် အသိပေးထားသေးသည်ဟု The Sun က ဖော်ပြထားသည်။
11-Jul-2018 tagged as Soccer Real Madrid C Ronaldo Juventus
အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းထံသို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်သည့် ဘလွန်းဒီအော်ဆု ငါးဆုပိုင်ရှင် စီရော်နယ်ဒိုသည် အပြောင်းအရွှေ့အတွက် ၎င်းကို နားလည်ပေးပါရန် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ပရိသတ်များထံသို့ နှုတ်ဆက်စာပေးပို့လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် စီရော်နယ်ဒိုအပြောင်းအရွှေ့ဖြစ်စဉ်က ၎င်းအပေါ်သို့ အကျိုးဆက်ရိုက်ခတ်မှုများဖြစ်လာမည်ကို စိုးရိမ်နေပြီဖြစ်ကာ စီရော်နယ်ဒိုအနေနှင့် ယခုအပြောင်းအရွှေ့ကို အသင်းဘက်က တွန်းအားပေးခြင်းကြောင့်မဟုတ်ဘဲ ကိုယ်ပိုင်ဆန္ဒဖြင့် ဆုံးဖြတ်ချက်ချလိုက်သည့် သဘောမျိုး ပါဝင်သော စကားများပြောကြားကာ ရီးရဲလ်မက်ဒရစ်ပရိသတ်များကို နှစ်သိမ့်ပေးရန် ပီရက်ဇ်က လိုလားနေကြောင်း AS က ဖော်ပြထားသည်။
07-Jul-2018 tagged as Soccer Real Madrid C Ronaldo Juventus
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အီတလီစီးရီးအေကလပ် ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရန် သေချာလုနီးပါး ရှိသွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ဂျူဗင်တပ်အသင်းအခြေစိုက်ရာ တူရင်မြို့၌ ၎င်း၏မိသားစုနေထိုင်ရန် စီရော်နယ်ဒိုက နေအိမ်စတင်ရှာဖွေနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။