News

POST TAGGED AS

RASHFORD

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ရတ်ရှ်ဖို့ဒ်ကို လက်ရှိဘောလုံးရာသီအတွင်း လုံလောက်စွာ ပွဲထွက်ကစားခွင့်ပေးအပ်ခဲ့သည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး အချို့သောသူများက ရတ်ရှ်ဖို့ဒ်ကို ၎င်းဘက်က အခွင့်အရေးများ လုံလုံလောက်လောက် မပေးအပ်ဟု ဝေဖန်နေခြင်းများကို လုံးဝပင် လက်မခံနိုင်ဟု မော်ရင်ညိုက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ရှိ ဒေါ်လ်ဘိုင်းကဇာတ်ရုံတွင် ကျင်းပပြီးစီးသွားခဲ့သော အကြိမ် ၉၀ မြောက် အော်စကာဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား၌ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့သည့် သရုပ်ဆောင်မင်းသားကြီး ဂယ်ရီအိုးလ်မန်းသည် ၎င်းင်းဆွတ်ခူးရရှိခဲ့သည့် အော်စကာဆုကိုကိုင်ကာ မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်က အမှတ်တရလက်မှတ်ရေးထိုးပေးထားသော မန်ယူအသင်းဂျာစီအင်္ကျီကို ၀တ်ဆင်၍ ၎င်းမှာ မန်ယူအသင်းပရိသတ်တစ်ဦးဖြစ်ကြောင်းကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ဟာရီရာသည် ဘယ်ဘက်ပေါင်ဒဏ်ရာရရှိထားသည့်အတွက် သီတင်းပတ်အနည်းငယ်ကြာ အနားယူရတော့မည်ဖြစ်ပြီး ယင်းဒဏ်ရာကြောင့် လာမည့်စနေနေ့တွင် ဟတ်ဒါးစဖီးလ်နှင့်ယှဉ်ပြိုင်ကစားရမည့် အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွင် မန်ယူအသင်းလူစာရင်း၌ ဟာရီရာ ပါဝင်လာတော့မည်မဟုတ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူလူငယ်တိုက်စစ်တောင်ပံကစားသမား ရတ်ရှ်ဖို့ဒ်သည် ဆန်းချက်ဇ် ပြောင်းရွှေ့ရောက်ရှိလာခြင်းနှင့် မာတီရယ်လ် ခြေစွမ်းပြနေခြင်းတို့ကြောင့် နေရာပျောက်မည့်အရေးကို ရင်ဆိုင်နေရပြီဖြစ်ပြီး မော်ရင်ညိုမှာ လူငယ်ကစားသမားများအပေါ် စိတ်ရှည်သည်းခံစွမ်း မရှိသည့်အချက်က ရတ်ရှ်ဖို့ဒ်ကို အခက်တွေ့လာစေဖွယ်ရှိသည်ဟု Daily Mail က ဖော်ပြထားသည်။
အဲဗာတန်တိုက်စစ်မှူး ရူနီသည် မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်အနေနှင့် ဘောလုံးဆင်းယူခြင်းနှင့် ခံစစ်ဆင်းကူခြင်းတို့ထက် ဂိုးများသွင်းယူပေးနိုင်ရန်ကိုသာ ပိုမို အာရုံစိုက်သင့်ကြောင်း တိုက်တွန်းပြောကြားလိုက်သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှနေ၍ အဓိကကစားသမား အများအပြား ဒဏ်ရာပြဿနာများ အကြောင်းပြကာ နုတ်ထွက်နေကြခြင်းက ၎င်း၏ကစားသမားဖြစ်သူ ရတ်ရှ်ဖို့ဒ်ကို မနိုင်ဝန်ထမ်းစေသကဲ့သို့ ဖြစ်သွားတော့မည်ဖြစ်၍ စိုးရိမ်ပူပန်နေကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းအားပေးသူများသည် မန်ယူက စပါးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် နည်းပြမော်ရင်ညိုက ရတ်ရှ်ဖို့ဒ်ကို မာတီရယ်လ်နှင့် လူစားလဲလှယ်လိုက်ချိန်၌ သံသေးသံကြောင်များဖြင့် အော်ဟစ်လှောင်ပြောင်ခဲ့ကြောင်း The Sun က ဖော်ပြထားသည်။