News

29-Jul-2018

Soccer Premier League Chelsea Arsenal Ramsey
ရမ်ဆေးကိုခေါ်ယူရန် ချယ်လ်ဆီးကြိုးပမ်းတော့မည်

လန်ဒန်၊ ဇူလိုင် ၂၉

ချယ်လ်ဆီးအသင်းသည် အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ပြီး အာဆင်နယ်နည်းပြသစ် ယူနိုင်းအမ်မရီကမူ ရမ်ဆေးမှာ စာချုပ်သစ် လက်မှတ်ရေးထိုးပြီး အသင်းထံတွင် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းလိမ့်မည်ဟု မျှော်လင့်ချက်ထားရှိနေဆဲဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ရမ်ဆေးနှင့် အာဆင်နယ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် သက်တမ်းအားဖြင့် တစ်နှစ်တည်းသာ ကျန်ရှိတော့ကာ အသင်းဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို လက်မခံပါက အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ပေးရသော အခြေအနေမျိုး ဖြစ်ပေါ်မလာစေရေးအတွက် ရမ်ဆေးကို တန်ကြေးတစ်ရပ်သတ်မှတ်၍ ရောင်းထုတ်လိုက်ရန် သေချာလျက်ရှိသည်။

အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့နှင့် ရမ်ဆေး၏အကျိုးဆောင်ကိုယ်စားလှယ်များအကြားတွင် စာချုပ်သစ်ဆွေးနွေးရာ၌ သဘောတူညီမှုမရနိုင်ဖြစ်နေသည်မှာ လုပ်ခလစာပမာဏဖြစ်ပြီး ရမ်ဆေးမှာ ၎င်း၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို အနိမ့်ဆုံးအဖြစ် ပေါင်နှစ်သိန်းဝန်းကျင် ရရှိလိုနေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။




FOLLOW US