News

28-May-2018

Liverpool Soccer Premier League Salah Ramos Mido
ဆာလားဟ် ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်ကို သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စဟု ယူဆပါက မှားလိမ့်မည်ဟု မီဒို အသိပေး

လီဗာပူး၊ မေ ၂၈

စပါးအသင်းတိုက်စစ်မှူးဟောင်း မီဒိုသည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်ကြောင့် ဆာလားဟ် ထိခိုက်ဒဏ်ရာရသွားခဲ့သည့်ဖြစ်စဉ်ကို ဘောလုံးပွဲများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်တစ်ခုဟု ယူဆပါက မှားယွင်းသွားလိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပေးပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် မီဒိုသည် ရာမို့စ်နှင့် ဆာလားဟ်တို့ ထိပ်တိုက်တွေ့ခဲ့သည့်အခြေအနေတွင် ရာမို့စ် လုပ်ဆောင်လိုက်သည့်အပြုအမူ၌ ရည်ရွယ်ချက်ပါရှိသည်၊ မရှိသည်ကို ဘောလုံးပွဲကြည့်ဖူးသူတိုင်း နားလည်သဘောပေါက်သည်ဟု အသိပေးသွားခဲ့ပြီး အာဆင်နယ်နောက်ခံလူဟောင်း မာတင်ကီအွန်ကလည်း ၎င်းနှင့် မီဒိုတို့မှာ အမြင်တူကြောင်း ထောက်ခံထားပြီဖြစ်သည်။

မီဒိုသည် ရာမို့စ်မှာ ရီးရဲလ်မက်ဒရစ်ကို အန္တရာယ်ပေးနိုင်သည့် ဆာလားဟ်ကို တစ်ချိန်လုံးပင် အလွတ်မပေးဘဲ စောင့်ကြည့်နေခဲ့ကြောင်း၊ အခွင့်အရေးရသည်နှင့်  ယင်းသို့ ပြစ်ဒဏ်ကျူးလွန်ကာ ဆာလားဟ်ကို ဒဏ်ရာရစေရန် ကြံစည်လိုက်ခြင်းဖြစ်ကြောင်း အသိပေးသွားခဲ့ပြီး ဆာလားဟ် ထိခိုက်ဒဏ်ရာရသွားခဲ့မှုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားရမည့် အီဂျစ်လက်ရွေးစင်အသင်းအတွက် ကြီးစွာသောထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့ရပြီဖြစ်ကြောင်းလည်း မီဒိုက ညည်းတွားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မီဒိုက “ရာမို့စ်ရဲ့ပြစ်ဒဏ်ကျူးလွန်မှုမှာ ကြိုတင်ကြံစည်မှုပါပါတယ်။ ဒါက အရှင်းကြီးပါ။ သူ ဘာလုပ်လိုက်သလဲဆိုတာကို ဘောလုံးပွဲကြည့်ဖူးသူတိုင်း သဘောပေါက်ပါတယ်။ တာဝန်ရှိသူတွေဟာ ဒီဖြစ်စဉ်အတွက် ဘာကြောင့်များ နောက်ဆက်တွဲစစ်ဆေးမှုတွေ မလုပ်တာသလဲ ကျွန်တော် စဉ်းစားမရပါဘူး။ ဒါဟာ ဘောလုံးပွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ်မျိုး မဟုတ်ပါဘူး။ အခွင့်အရေးစောင့်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US