News

POST TAGGED AS

RAFAEL NADAL

05-Sep-2018

Soccer La Liga Barcelona Messi Argentina
ပင်နယ်တီကန်သွင်းရာတွင် တိုးတက်ရန် လိုနေသေးသည်ဟု မက်ဆီ ဖွင့်ဟ၀န်ခံ

ဘာစီလိုနာ၊ စက်တင်ဘာ ၅

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၎င်းမှာ ပြီးပြည့်စုံသော ကစားသမားမဟုတ်ဘဲ လိုအပ်ချက်တစ်ခုရှိနေသေးကြောင်း ဖွင့်ဟ၀န်ခံလိုက်ကာ ယင်းလိုအပ်ချက်ဟူသည်မှာ အခြားမဟုတ်ဘဲ ပင်နယ်တီကန်သွင်းရာတွင် တိကျမှုရှိရန် လိုနေခြင်းဖြစ်သည်ဟု မက်ဆီက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မက်ဆီသည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ကလပ်နှင့် နိုင်ငံလက်ရွေးစင်အသင်း နှစ်ခုပေါင်း၍ သွင်းဂိုးစုစုပေါင်း ၆၂၁ ဂိုး ရယူပေးထားပြီး ယင်းသွင်းဂိုးများအနက် ပင်နယ်တီသွင်းဂိုး အရေအတွက်မှာ ၇၁ ဂိုးသာ ပါရှိခဲ့သည်။

မက်ဆီသည် ကလပ်နှင့် နိုင်ငံလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲအရပ်ရပ်တွင် ပင်နယ်တီ ၈၈ ကန်သွင်းခဲ့ဖူးပြီး ယင်းပယ်နယ်တီ ၈၈ ကြိမ်အနက် ၇၁ ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ကာ ရာခိုင်နှုန်းအားဖြင့် တွက်ချက်ကြည့်မည်ဆိုပါက မက်ဆီမှာ ၈၀ ရာခိုင်နှုန်းသော ပင်နယ်တီအရေအတွက်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် အာဂျင်တီးနားနှင့် အိုက်စလန်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သော ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွင် ပင်နယ်တီလွဲချော်မှု နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့ပြီး ၎င်းအတွက် ပင်နယ်တီကန်သွင်းရသည်မှာ သာမန်ဂိုးသွင်းယူရသည်ထက် အဆမတန် ခက်ခဲလွန်းကြောင်းလည်း မက်ဆီက အသိပေးထားသည်။




FOLLOW US