News

POST TAGGED AS

RAFAEL NADAL

04-Sep-2018

Soccer La Liga Real Madrid Mariano Diaz
မာရီယာနိုကို ကျောနံပါတ် ၇ ပေးအပ်လိုက်သည်မှာ စီရော်နယ်ဒိုအပေါ် လေးစားကင်းမဲ့သည့်လုပ်ရပ်ဟု ရီးရဲလ်မက်ဒရစ်ပရိသတ်များ ဝေဖန်

မက်ဒရစ်၊ စက်တင်ဘာ ၎

ရီးရဲလ်မက်ဒရစ်အသင်းအားပေးသူများသည် အသစ်ခေါ်ယူလိုက်သော တိုက်စစ်မှူး မာရီယာနိုကို ကျောနံပါတ် ၇ ပေးအပ်လိုက်သည့်လုပ်ရပ်မှာ အသင်းအတွက် စွမ်းစွမ်းတမံ ကြိုးစားကစားပေးသွားခဲ့သော စီရော်နယ်ဒိုအပေါ် လေးစားမှုကင်းမဲ့သည့်လုပ်ရပ်အဖြစ် ထင်မြင်ယူဆကာ အသင်းတာဝန်ရှိသူများကို ဒေါသပေါက်ကွဲနေကြောင်း Daily Star က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်အတွက် ကျောနံပါတ် ၇ ဂျာစီအင်္ကျီကိုဝတ်ဆင်ကာ ရှစ်နှစ်ကြာ ကစားပေးခဲ့ပြီး ရီးရဲလ်မက်ဒရစ်ထံသို့ စတင်ပြောင်းရွှေ့ရောက်ရှိလာစဉ်တွင် ကျောနံပါတ် ၇ ကို ရာအူးလ်က ၀တ်ဆင်နေခြင်းကြောင့် စီရော်နယ်ဒိုမှာ ကျောနံပါတ် ၉ ကို ၀တ်ဆင်၍ ကစားသမားဘ၀ကို ဖြတ်သန်းခဲ့ရသေးသည်။

စီရော်နယ်ဒိုသည် ကျောနံပါတ် ၇ ကို ၀တ်ဆင်၍ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၄၃၈ ပွဲ ကစားပေးခွင့်ရရှိခဲ့ရာ၌ သွင်းဂိုးပေါင်း ၄၅၀ ရယူပေးနိုင်ခဲ့ပြီး ယင်းကျောနံပါတ်ကို ၀တ်ဆင်၍ ရီးရဲလ်မက်ဒရစ်နှင့်အတူ စီရော်နယ်ဒိုရယူနိုင်ခဲ့သော အဓိကဆုဖလားအရေအတွက်စုစုပေါင်းမှာ ၁၄ လုံးရှိခဲ့သည်။

ရီးရဲလ်မက်ဒရစ်ပရိသတ်များသည် စီရော်နယ်ဒိုကိုသာ အသင်း၏ကျောနံပါတ် ၇ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုကြောင်းကို ဂျာစီအင်္ကျီအဟောင်းများ ၀ယ်ယူအားပေး၍ သက်သေထူလျက်ရှိပြီး မာရီယာနို၏အမည်ပါရှိသော ကျောနံပါတ် ၇ ဂျာစီအင်္ကျီသစ်များမှာ လက်ရှိအချိန်တိုင်သည်အထိ အရောင်းသွက်ခြင်း မရှိသေးကြောင်း ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူတစ်ဦးကလည်း ဖွင့်ဟ၀န်ခံထားပြီဖြစ်သည်။




FOLLOW US