News

25-Mar-2017

ရှမ်းပြည်
တာလေမြို့တွင် မော်တော်ယာဉ်လာပြင်သည့် တရုတ်အမျိုးသားတစ်ဦး ရုတ်တရက် သေဆုံး
ကျိုင်းတုံ၊ မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ဗေသလရွာဟောင်းရှိ ဝပ်ရှော့တစ်ခုတွင် မတ်လ ၂၄ ရက် ညနေ ၄ နာရီခွဲခန့်က မော်တော်ယာဉ် လာရောက်ပြုပြင်သည့် တရုတ်အမျိုးသားတစ်ဦး ရုတ်တရက် သေဆုံးခဲ့ကြောင်း တာလေ နယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါနေ့ရက်က အသက် ၃၉ နှစ်အရွယ်ရှိ တရုတ်လူမျိုး ကျားလျန်ဆိုသူသည် ညီတော်စပ်သူနှစ်ဦးနှင့်အတူ ယင်းဝပ်ရှော့၌ မော်တော်ယာဉ် လာရောက် ပြုပြင်နေစဉ် သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပြတ်၍ ရုတ်တရက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သေဆုံးသွားတဲ့သူက ဗန်းမော်မှာနေတဲ့ တရုတ် ဗုဒ္ဓဘာသာဝင်လို့ သိရတယ်။ ဝပ်ရှော့မှာ ကားလာပြင်နေတုန်း ခေါင်းမူးတယ် ပြောလို့တာလေ။ ဆေးရုံ သွားပို့ပေမယ့် သေဆုံးသွားတယ်”ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနေပြီး သေမှု သေခင်း အမှတ်စဉ်(၂/၂၀၁၇ အရ ဖွင့်လှစ်ထားကြောင်း တာလေ နယ်မြေရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US