News

POST TAGGED AS

PREMIER LEAGUE

05-Sep-2018 tagged as Soccer Premier League Arsenal Koscielny
အာဆင်နယ်နောက်ခံလူ ကော့စီရယ်လ်နီ၏အေးဂျင့်ဖြစ်သူ စတီဖိန်း ကော်ဘစ်သည် ၎င်း၏ကစားသမားဖြစ်သူမှာ ဒဏ်ရာပြဿနာဖြင့် မကြုံဆုံခဲ့ပါက အာဆင်နယ်ကို စွန့်ခွာပြီးဖြစ်နေလိမ့်မည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူဘယ်နောက်ခံကစားသမား လုခ်ရှောသည် ၎င်းအနေနှင့် ဒဏ်ရာများဖြင့် အဆက်မပြတ် ရုန်းကန်ခဲ့ရသောကာလအတွင်း ဘောလုံးလောကကို ကျောခိုင်း၍ ကစားသမားဘ၀က အနားယူလိုက်ရန်အထိပင် စဉ်းစားမိခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် နည်းပြ ဇီဒန်း၏ဦးဆောင်မှုအောက်တွင် ကစားခွင့်ရနိုင်ရန် ဆန္ဒရှိနေဆဲဖြစ်ပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင်မူ ၎င်းအနေနှင့် ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပေါ့ဂ်ဘာက ပြောကြားထားကြောင်း Daily Star က ဖော်ပြထားသည်။
04-Sep-2018 tagged as Soccer Premier League West Ham Pelligrini
ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများသည် နည်းပြ ပယ်လီဂရီနီကို ရာထူးထုတ်ပယ်မည်ဆိုပါက လျော်ကြေးငွေပမာဏ ပေါင် ၁၅ သန်း ပေးရလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် အသင်းရလဒ်များ လွန်စွာ ဆိုးရွားနေခြင်းကြောင့် ပယ်လီဂရီနီကို အသင်းနည်းပြအဖြစ် ဆက်လက် ထားရှိသင့်၊ မသင့်ကို ၀က်စ်ဟမ်းအသင်းတာဝန်ရှိသူများက အလေးအနက်ထား စဉ်းစားနေကြပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် စပိန်နိုင်ငံရှိ အေလာကွန်တရားရုံတော်က ၎င်းကို အခွန်တိမ်းရှောင်မှုအတွက် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချလိုက်ခြင်းကို လက်ခံပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
04-Sep-2018 tagged as Soccer Premier League Everton Micheal Keane
အဲဗာတန်နောက်ခံလူ မိုက်ကယ်ကိန်းသည် ဘုန်းမောက်နှင့် အဲဗာတန်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဦးခေါင်းခွံ၌ ဆံချည်တစ်မျှင်မျှစာ အရိုးအက်ဒဏ်ရာ ရသွားခဲ့ခြင်းကြောင့် တစ်လ၀န်းကျင်ခန့် အနားယူရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား စတာလင်းသည် နောက်ကျောဒဏ်ရာရရှိနေသည်ကို အကြောင်းပြ၍ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့ပြီဖြစ်ကာ နည်းပြ ဆောက်ဂိတ်ကမူ ၎င်းအနေနှင့် စတာလင်း၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် အခြားသောကစားသမားတစ်ဦး အစားထိုးခေါ်ယူသွားမည်မဟုတ်ဟု ဖွင့်ဟအသိပေးထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ရာထူးထုတ်ပယ်ခံရမည့်အရေးကို ကြောက်ရွံ့ခြင်း မရှိကြောင်း ပြောကြားသွားခဲ့ပြီး မန်ယူမှာ ၎င်းကို ရာထူးထုတ်ပယ်မည်ဆိုပါက အကုန်အကျ လွန်စွာများလိမ့်မည်ဟုလည်း မော်ရင်ညိုက အရွှန်းဖောက်သွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
လီဗာပူးတိုက်စစ်မှူး ဆာလားဟ်နှင့် လီဗာပူးမှနေ၍ ဆောက်သမ်တန်ထံသို့ အငှားသွားရောက်ကစားနေသည့် တိုက်စစ်မှူး ဒန်နီအင့်ဂ်တို့သည် လက်ရှိဘောလုံးရာသီတွင် ၎င်းတို့နှစ်ဦးအနက် မည်သူက ပရီးမီးယားလိဂ်သွင်းဂိုး ပိုမိုရရှိမည်ဆိုခြင်းကို အလောင်းအစားလုပ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် နည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်လိုက်မည်ဆိုပါက ပရိသတ်များ၏ဆန့်ကျင်မှုဖြင့် ကျိန်းသေရင်ဆိုင်ရနိုင်ကြောင်း The Sun က ရေးသားထားသည်။