News

POST TAGGED AS

PREMIER LEAGUE

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းလူငယ်တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို ၎င်းဘက်က လုံလောက်စွာ ပွဲထွက်ခွင့်မပေးဟူသော ဝေဖန်ချက်များမှာ အလိမ်အညာများသာဖြစ်ပြီး လွန်စွာ ရယ်ရွှင်ဖွယ်ရာကောင်းလှသည်ဟု တုံ့ပြန်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် ကစားသမားတစ်ဦးအနေနှင့် လူစားလဲလှယ်ခံရချိန်တွင် ဒေါသထွက်တတ်လေ့ရှိသည်မှာ ပုံမှန်အခြေအနေတစ်ရပ်သာဖြစ်ပြီး ယင်းအတွက် နယူးကာဆယ်နှင့်ပွဲစဉ်တွင် အော်ဘာမီယန်၏စိတ်ခံစားချက် မည်သို့ဖြစ်သွားသည်ကို နားလည်ပေးနိုင်ပါကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းခံစစ်ကစားသမား စမောလင်းကို ၎င်းမကြိုက်သည်မှာ အချက်တစ်ခုတည်းသာရှိပြီး ယင်းမှာ ယခုညှပ်လိုက်သည့် စမောလင်း၏ဆံပင်ပုံစံသစ်ဖြစ်သည်ဟု မန်ယူက ၀က်ဖို့ဒ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
ဂျူဗင်တပ်အသင်းသည် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကိုခေါ်ယူနိုင်ရေးအတွက် တိုက်စစ်မှူး ဒိုင်ဘာလာကို အလိုက်ပေး၍ ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
16-Sep-2018 tagged as Soccer Premier League Chelsea David Luiz
ချယ်လ်ဆီးအသင်းသည် နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်ကို စာချုပ်သစ်ချုပ်ရန် ဆွေးနွေးတော့မည်ဖြစ်ပြီး နည်းပြ ဆာရီကလည်း လက်ရှိကြံ့ခိုင်မှုနှင့် စွမ်းဆောင်ရည်များအရ ဒေးဗစ်လူးဝစ်ဇ်မှာ ထိပ်တန်းအဆင့်တွင် အနိမ့်ဆုံး သုံးနှစ်ခန့် ဆက်လက်ကစားနိုင်စွမ်းရှိသေးသည်ဟု ထောက်ခံထားကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်သည် လီဗာပူးက စပါးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းလိုဂိုအမှတ်တံဆိပ် မတပ်ဆင်ထားသောဂျာစီအင်္ကျီကို ၀တ်ဆင်ကစားသွားခဲ့သည့်အတွက် ဝေဖန်မှုများကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုသည် လီဗာပူးက စပါးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးနောက်ခံလူ ဗာတွန်ဂန်ကြောင့် မျက်လုံးအနည်းငယ်ထိခိုက်သွားခဲ့ပြီး ထိခိုက်မှုဖြစ်ပွားခဲ့ချိန်တွင် ၎င်းအနေနှင့် မျက်လုံးတစ်စုံတစ်ခုဖြစ်ကာ အမြင်အာရုံချို့ယွင်းသွားမည်ကို အလွန်အမင်း စိတ်ပူခဲ့မိကြောင်း ဖာမင်ညိုက ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
14-Sep-2018 tagged as Soccer Premier League Chelsea Loftus-Cheek
ချယ်လ်ဆီးကွင်းလယ်ကစားသမား လော့ဖ်တပ်စ်ချိခ်သည် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ နိုင်ငံတကာပွဲစဉ်များပါဝင်ကစားပေးရာတွင် ခြေဖဝါးထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် သီတင်းနှစ်ပတ်ခန့် အနားယူဆေးကုသခံရတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား စတာလင်းသည် အသင်းအနေနှင့် ၎င်းကို စာချုပ်သစ်လက်မှတ်ရေးထိုးလိုပါက လက်ရှိအကျိုးခံစားခွင့်ရရှိနေသော တစ်ပတ်လုပ်ခလစာကို ပေါင်တစ်သိန်း ထပ်တိုးပေးရမည်ဟု တောင်းဆိုလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား အဆန်စီယိုသည် ၎င်းအနေနှင့် ရီးရဲလ်မက်ဒရစ်ကို ကျောခိုင်းစွန့်ခွာ၍ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ကစားရန် စိတ်ကူးလုံးဝမရှိဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။