News

POST TAGGED AS

PREMIER LEAGUE

18-Sep-2018 tagged as Soccer Premier League Arsenal Gazidis
အာဆင်နယ်အသင်းအမှုဆောင်အရာရှိချုပ် ဂါဇီဒစ်သည် အေစီမီလန်ထံသို့ပြောင်းရွှေ့ရန်အတွက် ရာထူးနုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး ၎င်း၏နေရာကို ဆနယ်လ်လီဟီနှင့် ဗင်ကိတ်ရှန်းတို့က အစားဝင်ရောက်ကာ တာဝန်များကို ခွဲဝေယူသွားလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
17-Sep-2018 tagged as Soccer Premier League Tottenham Inter Milan
အင်တာမီလန်နှင့် စပါးတို့သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လေးကြိမ်တွေ့ဆုံခဲ့ဖူးပြီး တစ်သင်းလျှင် နှစ်ကြိမ်စီ နိုင်ပွဲရယူနိုင်ခဲ့ကြဖူးသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် ၎င်းအနေနှင့် လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မန်ယူနှင့်ယှဉ်ပြိုင်ရမည့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် ပြန်လည်ပွဲထွက်ပေးနိုင်ရန် ရည်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
ဝက်ဖို့ဒ်ဂိုးသမား ဖော်စတာသည် မန်ယူက ၀က်ဖို့ဒ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်တွင် လက်စွမ်းပြသွားခဲ့သော မန်ယူဂိုးသမား ဒီဂီယာကို ဂိုးသမား မက်ဆီဟု ချီးကျူးစကားပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
17-Sep-2018 tagged as Soccer Premier League Tottenham Harry Kane
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ၎င်းအနေနှင့် လက်ရှိအချိန်တွင် ဂိုးပေါက်ပျောက်သောအခြေအနေကို ရင်ဆိုင်နေရသော်လည်း ပင်ပန်းနွမ်းနယ်မှုဝေဒနာကို ခံစားရခြင်းမရှိဟု ပြောကြားလိုက်ပြီး ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော လီဗာပူးနောက်ခံလူ ကာရေဂါကမူ ဟယ်ရီကိန်းကို စိတ်ရော ကိုယ်ပါ အနားပေးလိုက်ရန် စပါးနည်းပြ ပိုချက်တီနိုဘက်က စီစဉ်ပေးသင့်နေပြီဟု တိုက်တွန်းလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနောက်ခံကစားသမား ရိုဂျိုသည် မန်ယူ ယူ-၂၃ အသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲ ပါဝင်ကစားခဲ့ရာတွင် ထိခိုက်ဒဏ်ရာရသွားခြင်းကြောင့် မန်ယူ၏ခံစစ်အကျပ်အတည်းမှာ ပိုမိုဆိုးရွားသွားဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က လီဗာပူးအနေနှင့် ချန်ပီယံလိဂ်တွင် ချန်ပီယံဖြစ်ခွင့်ရရေးထက် ပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲခွင့်ရနိုင်ရေးကို အာရုံစူးစိုက်ခြင်းက ပို၍ သာလွန်ကောင်းမွန်လိမ့်မည်ဟု ပြောကြားလိုက်သော စကားရပ်များကို ဒေါသထွက်နေကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းလူငယ်တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို ၎င်းဘက်က လုံလောက်စွာ ပွဲထွက်ခွင့်မပေးဟူသော ဝေဖန်ချက်များမှာ အလိမ်အညာများသာဖြစ်ပြီး လွန်စွာ ရယ်ရွှင်ဖွယ်ရာကောင်းလှသည်ဟု တုံ့ပြန်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် ကစားသမားတစ်ဦးအနေနှင့် လူစားလဲလှယ်ခံရချိန်တွင် ဒေါသထွက်တတ်လေ့ရှိသည်မှာ ပုံမှန်အခြေအနေတစ်ရပ်သာဖြစ်ပြီး ယင်းအတွက် နယူးကာဆယ်နှင့်ပွဲစဉ်တွင် အော်ဘာမီယန်၏စိတ်ခံစားချက် မည်သို့ဖြစ်သွားသည်ကို နားလည်ပေးနိုင်ပါကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းခံစစ်ကစားသမား စမောလင်းကို ၎င်းမကြိုက်သည်မှာ အချက်တစ်ခုတည်းသာရှိပြီး ယင်းမှာ ယခုညှပ်လိုက်သည့် စမောလင်း၏ဆံပင်ပုံစံသစ်ဖြစ်သည်ဟု မန်ယူက ၀က်ဖို့ဒ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။