News

POST TAGGED AS

PREMIER LEAGUE

30-Oct-2017 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ဆွမ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှာ ၎င်း၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု ပွဲ ၈၀၀ ပြည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ကြောင်းကို ရုပ်သံသတင်းကြည့်ရှုလိုက်မိ၍သာ သိရှိခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းပရိသတ်များကို လွန်စွာ ဒေါသပေါက်ကွဲနေပြီး ပရိသတ်များအနေနှင့် ပွဲကြည့်ရန် လက်မှတ်ဖိုး ပေးထားသည်မှာ မှန်သော်လည်း ယင်းမှာ လုပ်ချင်ရာ လုပ်ရန် ခွင့်ပြုချက်ရထားခြင်းမဟုတ်ဟု မော်ရင်ညိုက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
29-Oct-2017 tagged as Soccer Premier League Everton Sam Allardyce
အဲဗာတန်အသင်းတာဝန်ရှိသူများသည် ရာထူးလစ်လပ်နေဆဲဖြစ်သော အသင်းနည်းပြရာထူးအတွက် ဆန်းဒါးလန်းနှင့် ခရစ္စတယ်ပဲလေ့စ်နည်းပြဟောင်း ဆမ်အလာဒွိုက်စ်ကိုခေါ်ယူရန် အလေးအနက်ထား စဉ်းစားနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်သည် အင်္ဂလိပ်လူမျိုး နည်းပြများအတွက် အင်္ဂလန်လက်ရွေးစင်အသင်းကို တာဝန်ယူရသည်က ကြီးခြောက်ကြီးစာရင်းဝင်လိုသော ပရီးမီးယားလိဂ်အသင်းတစ်သင်းကို တာဝန်ယူရသည်ထက် များစွာပိုလွယ်နိုင်သည်ဟု အသိပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းအားပေးသူများသည် မန်ယူက စပါးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် နည်းပြမော်ရင်ညိုက ရတ်ရှ်ဖို့ဒ်ကို မာတီရယ်လ်နှင့် လူစားလဲလှယ်လိုက်ချိန်၌ သံသေးသံကြောင်များဖြင့် အော်ဟစ်လှောင်ပြောင်ခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက စပါးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ရုပ်သံရိုက်ကူးရေးကင်မရာများဘက်သို့ မျက်နှာမူ၍ နှုတ်ခမ်းကို လက်ဖြင့်တေ့ကာ သရုပ်ပြ၍ တိတ်တိတ်နေလိုက်ကြတော့ဟူသည့် ဟန်ပန်မျိုးကို ပြုမူပြသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
29-Oct-2017 tagged as Soccer Premier League Arsenal Everton Sanchez
အဲဗာတန်အသင်းပိုင်ရှင် ဖာဟက်ဒ် မိုရှီရီသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် စောင့်ကြည့်အကဲခတ်နေပြီဖြစ်ပြီး ကာယကံရှင် ကစားသမားဖြစ်သူနှင့် သဘောတူညီမှု ရယူနိုင်ခဲ့မည်ဆိုပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် အဲဗာတန်က ကမ်းလှမ်းမှုများ ဆောင်ရွက်သွားဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
29-Oct-2017 tagged as Soccer Premier League Guardiola
စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းသည် ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်ထားသည့် ကတ်တလန်သံရုံးများကို ပိတ်သိမ်းရန် စီစဉ်လိုက်ပြီဖြစ်ပြီး ယင်းသံရုံးများတွင် တာဝန်ထမ်းဆောင်နေသော သံအမတ်ကြီးများကို စပိန်အစိုးရက နေရပ်သို့ပြန်လာရန် ညွှန်ကြားထုတ်ပြန် ဆင့်ခေါ်ထားပြီဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ၎င်း၏ဆံပင်ကို ဒီဇိုင်းသစ်ပြောင်းလဲလိုက်ပြန်ပြီဖြစ်ကာ ၎င်း၏ဆံပင်ဒီဇိုင်းသစ်မှာ ဆေးရုံများရှိ ECG စက်များတွင် ဖော်ပြသော သင်္ကေတများကို ပုံဖော်ထားခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ခရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ မဲခွဲမှုကို ပရိသတ်များနည်းတူ ၎င်းလည်း ဘ၀င်မကျကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး တာဝန်ရှိသူများအနေနှင့် မည်သည့်မဲခွဲပွဲအခမ်းအနားကိုဖြစ်စေ အားလုံးသောသူများ အမြင်ရှင်းစေရန် တိုက်ရိုက်ပြသသည့်စနစ်ကိုသာ အသုံးပြုသင့်ကြောင်း မော်ရင်ညိုက တိုက်တွန်းသွားခဲ့သေးသည်ဟု Sportmail က ဖော်ပြထားသည်။