News

POST TAGGED AS

PREMIER LEAGUE

မန်ယူနောက်ခံကစားသမားဟောင်း အီဗရာသည် မန်ယူထံတွင် ၎င်းကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလက မန်ယူကစားသမားအများစုမှာ အာဆင်နယ်ကို ကလေးအသင်းဟုသာ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြကြောင်း ပြန်ပြောင်း အသိပေးသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
ဆီနီဂေါလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားနေသော နာပိုလီနောက်ခံလူ ကူလီဘာလေသည် ၎င်း၏ဆရာဟောင်း ဆာရီမှာ ချယ်လ်ဆီးနည်းပြရာထူးကို လက်ခံထားပြီးပြီဖြစ်ကြောင်း အတည်ပြုသွားခဲ့ပြီဖြစ်ပြီး ချယ်လ်ဆီးပရိသတ်များမှာ ဆာရီလက်ထက်တွင် ဖျော်ဖြေမှုရသအပြည့်ပါရှိသည့် ဘောလုံးကစားဟန်ကို မြင်တွေ့ကြရလိမ့်မည်ဟုလည်း ကူလီဘာလေက ထပ်လောင်း အသိပေးသွားခဲ့သေးကြောင်း Mail Online က ဖော်ပြထားသည်။
ဝက်စ်ဟမ်းအသင်းသည် တူးလော့စ်နောက်ခံလူ အစ်ဆာ ဒိုင်အော့ပ်နှင့် ဆွမ်ဆီးဂိုးသမား ဖေဘီယန်စကီးတို့ကို ခေါ်ယူ၍ အသင်းကို အင်အားဖြည့်တင်းလိုက်ပြီဖြစ်ပြီး ဖေဘီယန်စကီး ရောက်ရှိလာခြင်းကြောင့် လက်ရှိဝက်စ်ဟမ်းပွဲထွက်ဂိုးသမား အက်ဒရီယန်မှာ အသင်းပြောင်းရန် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
20-Jun-2018 tagged as Soccer Premier League Arsenal Wilshere
အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် အာဆင်နယ်နှင့်စာချုပ်သစ်ချုပ်တော့မည်မဟုတ်ဘဲ အသင်းပြောင်းတော့မည်ဟု အတည်ပြုလိုက်ပြီဖြစ်ကာ ယင်းအတွက် ၎င်းကိုခေါ်ယူရန် အာဆင်နယ်၏ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က ဆက်သွယ်ဆွေးနွေးမှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် အသင်းကို အင်အားဖြည့်တင်းရန်အတွက် လေဗာကူဆင်ဂိုးသမား ဘန်းဒ်လီနိုကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၂ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူဂိုးသမား ဒီဂီယာသည် အသင်းဘက်က ကမ်းလှမ်းထားသည့် စာချုပ်သစ်ကို သဘောတူညီ လက်မှတ်ရေးထိုးလိုက်မည်ဆိုပါက ကမ္ဘာ့စံချိန်တင်လုပ်ခလစာရ ဂိုးသမားအဖြစ် မှတ်တမ်းတစ်ခု ရေးထိုးစိုက်ထူသွားနိုင်တော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် သန်း ၁၀၀ ရရှိမှသာလျှင် လက်လွှတ်ပေးနိုင်လိမ့်မည်ဟု သဘောထားပြောင်းလဲလိုက်ပြီဖြစ်ပြီး ယင်းအတွက် မာတီရယ်လ်ကို ခေါ်ယူနိုင်ရန် စိတ်ဝင်စားနေသော စပါးအသင်းမှာ လွန်စွာ အခက်ကြုံသွားခဲ့ရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် လေဗာကူဆင်ဂိုးသမား ဘန်းဒ်လီနိုနှင့် ဆမ်ဒိုးရီးယားကွင်းလယ်လူ တော်ရိုင်ရာတို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ပြီး ယင်းကစားသမားနှစ်ဦးအတွက် စုစုပေါင်းပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၈ သန်း အသုံးပြုရန် အာဆင်နယ်က စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
14-Jun-2018 tagged as Soccer Premier League Fixtures
ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် ပွဲစဉ်ဇယားရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ နည်းပြသစ် ယူနိုင်းအမ်မရီ၏ဦးဆောင်မှုဖြင့် ပွဲထွက်လာမည့် အာဆင်နယ်မှာ ရာသီဖွင့်သီတင်းပတ်နှစ်ပတ်၌ လက်ရှိချန်ပီယံ မန်စီးတီး၊ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ ပွဲကျပ်အနေအထားတစ်ရပ်ကို ကျော်ဖြတ်ရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဘာစီလိုနာကို တစ်ကျော့ပြန်လည် တာဝန်ယူရန် အစီအစဉ်မရှိတော့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ယင်းသို့ ဆုံးဖြတ်ထားသည့်အကြောင်းရင်းမှာ အခြားကြောင့်မဟုတ်ဘဲ အသင်းကို ပထမတစ်ကြိမ် တာဝန်ယူစဉ်ကကဲ့သို့ အောင်မြင်မှုများ ရယူပေးနိုင်ရန် မဖြစ်နိုင်တော့၍ဖြစ်သည်ဟု ဂွါဒီယိုလာက မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။