News

POST TAGGED AS

PORTO

ပေါ်တိုလူငယ်နောက်ခံကစားသမား ဒိုင်အိုဂို ဒါလော့တ်သည် မန်ယူထံသို့ ပြောင်းရွှေ့ရေးအတွက် ရှေ့လာမည့် သီတင်းပတ်အတွင်း မန်ယူအသင်းအခြေစိုက်ရာ မန်ချက်စတာမြို့သို့လာရောက်၍ ဆေးစစ်မှုခံယူတော့မည်ဖြစ်ပြီး မန်ယူမှာ ဒါလော့တ်ကို တရားဝင်စာချုပ်ချုပ်ဆိုပြီးပါက ဒါမီယန်ကို ရောင်းထုတ်လိုက်ရန် စီစဉ်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသက် ၁၉ နှစ်အရွယ် ပေါ်တိုလူငယ်နောက်ခံကစားသမား ဒိုင်အိုဂို ဒါလော့တ်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ပြီး ဒါလော့တ်အပြောင်းအရွှေ့အတွက် မန်ယူနှင့် ပေါ်တိုအကြားတွင် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၇ ဒသမ ၄ သန်းဖြင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းသည် ပေါ်တူဂီကလပ် ပေါ်တိုအသင်း ညာနောက်ခံကစားသမား ရီကာဒို ပီရိုင်းရာကို ခေါ်ယူ၍ အသင်းကို အင်အားဖြည့်တင်းလိုက်ပြီဖြစ်ကာ ၎င်းအနေနှင့် ပေါ်တူဂီလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနေစဉ်ကာလအတွင်း စိတ်ဝေဝါး ထွေပြားမှုများ မဖြစ်လိုသည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် အပြောင်းအရွှေ့ကိစ္စရပ်များကို အပြီးသတ် ဆောင်ရွက်လိုက်ခြင်း ဖြစ်ပါကြောင်း ပီရိုင်းရာက ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။