News

POST TAGGED AS

POGBA

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ဘုန်းမောက်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်း၏ဆုံးဖြတ်ချက်ကို ကွင်းလယ်လူ ပေါ့ဂ်ဘာက မချေမငံ တုံ့ပြန်ရန် ကြံစည်ခဲ့မှုတစ်ခုကို အမိန့်ဖြင့် ညွှန်ကြားချက်ပေး တုံ့ပြန်ခဲ့ပြီး ယင်းအတွက် မော်ရင်ညိုနှင့် ပေါ့ဂ်ဘာအကြားရှိ ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာမည့်အနေအထားတစ်ရပ်ဆီသို့ ဦးတည်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်ရန် သေချာလုနီးပါး ရှိနေပြီဖြစ်ပြီး ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ကစားသမားသစ်ရှာဖွေမှုကိုပင် နည်းပြ မော်ရင်ညိုက ဆောင်ရွက်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာသည် ၎င်း၏ကစားသမားဖြစ်သူကို ခေါ်ယူပေးပါရန် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီထံသို့ ကမ်းလှမ်းထားလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မန်ယူကို စွန့်ခွာ၍ အသင်းပြောင်းရန် စီစဉ်နေသည်ဟူသောသတင်းများကို ငြင်းဆန်ပယ်ချလိုက်ပြီး နည်းပြမော်ရင်ညိုနှင့် ၎င်းအကြားတွင် ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်မှာလည်း မှန်ကန်ခြင်း မရှိကြောင်း ပေါ့ဂ်ဘာက ရှင်းပြသွားခဲ့သေးသည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် မန်ယူနှင့် ဆီဗီလာတို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အမီ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ကြံ့ခိုင်မှုပြည့်ဝမည်၊ မပြည့်ဝမည်ဆိုသည်ကို အတိအကျ မသိရသေးကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသော ရိုင်အိုလာသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ပေါ့ဂ်ဘာက မန်ယူကို စွန့်ခွာ၍ အသင်းပြောင်းနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကို ငြင်းဆန်ပယ်ချလိုက်ပြီး ပေါ့ဂ်ဘာမှာ အသင်းပြောင်းမည်ဆိုပါက မန်ယူနှင့်အတူ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကြီးကို ဆွတ်ခူးရယူပြီးမှသာ ပြောင်းရွှေ့ဖြစ်လိမ့်မည်ဟု ရိုင်အိုလာက အသိပေးသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် မန်ယူက ချယ်လ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရလိုက်သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်း၏ဆံပင်ကို ဒီဇိုင်းသစ် ထပ်မံပြောင်းလဲလိုက်ပြီး ယခုတစ်ကြိမ် ဆံပင်ဒီဇိုင်းပြောင်းမှုမှာ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးသည့်နောက် ပေါ့ဂ်ဘာအနေနှင့် အကြိမ် ၂၀ မြောက် ဆံပင်ဒီဇိုင်းပြောင်းခြင်းဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။
မန်ယူအသင်းအားပေးသူများသည် မန်ယူက ချယ်လ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့သည့်ဖြစ်စဉ်၌ ပေါ့ဂ်ဘာ၏အမှားတစ်ရပ် ပါရှိနေကြောင်း ထောက်ပြဝေဖန်သွားခဲ့ပြီး ချယ်လ်ဆီးကွင်းလယ်လူ မိုဆက်စ်နှင့် ခေါင်းတိုက်ဘောယှဉ်လုရာတွင် ပေါ့ဂ်ဘာ ဘောလုံးဆုံးရှုံးခဲ့သည်မှာ လက်သင့်ခံနိုင်ဖွယ်ရာ လုံးဝမရှိပါကြောင်း မန်ယူပရိသတ်များက အပြစ်တင်စကားဆိုထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ကွင်းလယ်လူ ပေါ့ဂ်ဘာ မည်ရွေ့မည်မျှ အနားယူရမည်ဆိုသည်ကို မသိရှိကြောင်းနှင့် ယင်းကိစ္စကို ဂရုစိုက်နေမည်လည်း မဟုတ်ကြောင်း ဖွင့်ဟပြောကြားလိုက်သည့်အတွက် မော်ရင်ညိုနှင့် ပေါ့ဂ်ဘာအကြားတွင် တစ်စုံတစ်ခုသော ပြဿနာတစ်ရပ်ရှိနေပြီဆိုသည်မှာ တဖြည်းဖြည်းချင်း ထင်ရှားလာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာကို စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကျဆင်းနေခြင်းနှင့်စပ်လျဉ်း၍ ၎င်း၏ရုံးခန်းသို့ခေါ်ယူကာ တွေ့ဆုံဆွေးနွေးလိုက်ပြီဖြစ်ကာ ပေါ့ဂ်ဘာမှာ လက်ရှိအချိန်တွင် ၎င်းမျှော်မှန်းထားသကဲ့သို့ ကစားပြနိုင်ခြင်းမရှိဖြစ်နေသည်ဟုလည်း မော်ရင်ညိုက ဖွင့်ဟ၀န်ခံသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။