News

POST TAGGED AS

POCHETTINO

27-Aug-2018

Soccer Premier League Tottenham Pochettino
မော်ရင်ညိုမှာ လူငယ်နည်းပြအားလုံးအတွက် စံနမူနာပြဖြစ်သည်ဟု ပိုချက်တီနို ချီးကျူး

မန်ချက်စတာ၊ သြဂုတ် ၂၇

စပါးနည်းပြ ပိုချက်တီနိုသည် မန်ယူနည်းပြ မော်ရင်ညိုမှာ လူငယ်နည်းပြအားလုံးအတွက် စံနမူနာပြဖြစ်သည်ဟု ချီးကျူးစကားဆိုသွားခဲ့ပြီး ၎င်းကိုယ်တိုင်မှာလည်း မော်ရင်ညိုကို တုပ၍ ယခုကဲ့သို့အခြေအနေတစ်ရပ်သို့ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ပိုချက်တီနိုသည် မန်ယူနှင့် စပါးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် မော်ရင်ညိုကို ယင်းသို့ဂုဏ်ပြုသွားခဲ့ခြင်းဖြစ်ပြီး မော်ရင်ညို၏နည်းပြဘ၀ဖြတ်သန်းမှုအတွင်း စွမ်းဆောင်ပြခဲ့သည်များမှာ လွန်စွာအံ့သြဘနန်းဖြစ်ကြောင်းလည်း ပိုချက်တီနိုက မှတ်ချက်ပေးသွားခဲ့သည်။

ပိုချက်တီနိုသည် မော်ရင်ညိုမှာ ပေါ်တူဂီ၊ အင်္ဂလန်၊ အီတလီနှင့် စပိန် အစရှိသည့်နိုင်ငံများ၏လိဂ်ပြိုင်ပွဲများ၌ သမိုင်းတွင်စေမည့်အောင်မြင်မှုများ ရယူပြနိုင်ခဲ့သည်ဟု ပြောကြားသွားခဲ့ကာ လူငယ်နည်းပြများအားလုံးမှာ အသက်ငယ်ငယ်ဖြင့် ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့သော မော်ရင်ညိုကို လွန်စွာအားကျလေ့ရှိကြောင်းလည်း ပိုချက်တီနိုက ဆက်လက် မှတ်ချက်ပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ပိုချက်တီနိုက “လူငယ်နည်းပြအားလုံးအတွက် စံနမူအဖြစ် တုပရတဲ့သူက မော်ရင်ညိုပဲ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူဆီကနေပြီး အတုခိုးခဲ့ရတာတွေ အများကြီးပါပဲ။ သူက မယုံကြည်နိုင်လောက်ဖွယ်ရာတွေကို အများကြီးလုပ်ပြခဲ့သူပါ။ လက်ရှိမှာ အခက်အခဲတွေ၊ အကျပ်အတည်းတွေနဲ့ သူရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ဒါတွေကို အလွယ်တကူနဲ့ ကျော်လွှားပြနိုင်စွမ်း သူ့ဆီမှာ ရှိနေပြီးသားပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US