News

POST TAGGED AS

POCHETTINO

စပါးနည်းပြ ပိုချက်တီနိုသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်မှာ ရီးရဲလ်မက်ဒရစ်ကို ကျောခိုင်းစွန့်ခွာဖြစ်ခဲ့ပါက စပါးထံသို့ ပြန်လည်ပြောင်းရွှေ့ရောက်ရှိလာနိုင်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
စပါးနည်းပြ ပိုချက်တီနိုသည် စပါးအသင်းကစားသမားများနှင့် အသင်းအားပေးသူ ပရိသတ်များကို ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့အား စပါးလိုက်မီလာပြီဟု ထင်မြင်ယူဆနေခြင်းမှာ စိတ်ကူးယဉ်ဆန်ခြင်းသာဖြစ်ပြီး လက်တွေ့အမှန်တရားနှင့် ကင်းကွာနေကြောင်း သတိပေးစကားပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
စပါးအသင်း ဘယ်နောက်ခံကစားသမား ဒန်နီရို့စ်သည် အာဆင်နယ်က စပါးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် နည်းပြပိုချက်တီနိုက ၎င်းကို ပွဲထွက်ခွင့်မပေးခဲ့သည့်အတွက် မကျေနပ်မှုများရှိနေပြီး နည်းပြပိုချက်တီနိုကမူ ၎င်းအနေနှင့် ဒန်နီရို့စ်ကို ပွဲထွက်ခွင့်မပေးခဲ့သည်မှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိတ်မချရသည့်အခြေအနေများကြောင့်ဖြစ်သည်ဟု ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးနည်းပြ ပိုချက်တီနိုသည် လာမည့်နိုဝင်ဘာလ ၁၈ ရက်နေ့၌ အာဆင်နယ်နှင့်ယှဉ်ပြိုင်ရမည့် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းလူစာရင်း၌ တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်လည်ပါဝင်လာလိမ့်မည်ဖြစ်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Reuters က ဖော်ပြထားသည်။