News

POST TAGGED AS

PLAYER OF THE YEAR

20-Aug-2018

Soccer La Liga Real Madrid C Ronaldo
စီရော်နယ်ဒိုကို လက်လွှတ်လိုက်ရပြီးနောက် ကွင်းဝင်ပရိသတ် စံချိန်တင်ကျဆင်းမှုဖြင့် ရီးရဲလ်မက်ဒရစ် ရင်ဆိုင်ရ

မက်ဒရစ်၊ သြဂုတ် ၂၀

ရီးရဲလ်မက်ဒရစ်သည် တိုက်စစ်မှူး စီရော်နယ်ဒိုကို ဂျူဗင်တပ်ထံသို့ ရောင်းထုတ်လိုက်အပြီးတွင် ကွင်းဝင်ပရိသတ်စံချိန်တင်ကျဆင်းသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ဂီတာဖေးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော စပိန်လာလီဂါရာသီဖွင့်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းပိုင် ဘာနေဗျူးဘောလုံးကွင်းသို့လာရောက်၍ ပွဲတက်ရောက်ကြည့်ရှုသူ ပရိသတ်အရေအတွက်မှာ ၄၈,၄၆၆ ယောက်သာ ရှိခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်သည် ၂၀၀၈-၀၉ ဘောလုံးရာသီ၏အိမ်ကွင်းနောက်ဆုံးပွဲစဉ် နောက်ပိုင်းတွင် အိမ်ကွင်းပွဲစဉ်သို့ ပရိသတ်တက်ရောက်ကြည့်ရှုအားပေးမှု အနည်းဆုံးအခြေအနေကို ရင်ဆိုင်လိုက်ရခြင်းဖြစ်ပြီး ပရိသတ် ၈၁,၀၀၀ ၀င်ဆံ့သည့် ဘာနေဗျူးဘောလုံးကွင်းသို့ ကွင်းဝင်ပရိသတ် လာရောက်မှု ဆက်တိုက်နည်းပါးခဲ့မည်ဆိုပါက ရီးရဲလ်မက်ဒရစ်မှာ စီးပွားရေးအရ ကြီးစွာသော ထိခိုက်နစ်နာမှုများ ရှိလာတော့မည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် ကိုးနှစ်တာကာလအတွင်း အသင်းအားပေးသူပရိသတ်များအကြားတွင် ပုံရိပ်ကျဆင်းမှုအခြေအနေကို ရင်ဆိုင်လိုက်ရခြင်းဖြစ်ပြီး စီရော်နယ်ဒိုကို ရောင်းထုတ်လိုက်ခြင်း အကျိုးဆက်မှာ ရီးရဲလ်မက်ဒရစ်အပေါ် အခြားသောကဏ္ဍအရပ်ရပ်တွင်လည်း ရိုက်ခတ်မှုများရှိနေပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်ပရိသတ်အချို့သည် ရီးရဲလ်မက်ဒရစ်နှင့် ဂီတာဖေးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းလာလီဂါ ရာသီဖွင့်ပွဲစဉ်ကို စီရော်နယ်ဒို၏အမည်နှင့် ကျောနံပါတ်တို့ရိုက်နှိပ်ထားသည့် ဂျာစီအင်္ကျီများကိုဝတ်ဆင်၍ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လက်ရှိအခြေအနေများအရ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်အနေနှင့် စီရော်နယ်ဒို၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ပုံရိပ်ရှိကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူနိုင်ရန် လိုအပ်လာခဲ့ပြီလည်းဖြစ်သည်။




FOLLOW US