News

POST TAGGED AS

PLAYER OF THE YEAR

19-Jun-2018

Soccer La Liga Barcelona Messi Salah
ဆာလားဟ်ကို အရခေါ်ယူသင့်ကြောင်း ဘာစီလိုနာအသင်းတာဝန်ရှိသူများကို မက်ဆီ အကြံပြု

ဘာစီလိုနာ၊ ဇွန် ၁၉

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီသည် အသင်းတာဝန်ရှိသူများကို တိုက်စစ်ပိုင်းဆိုင်ရာ အင်အားဖြည့်တင်းရန်အတွက် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို အရခေါ်ယူသင့်သည်ဟု အကြံပြုတိုက်တွန်းလိုက်ကြောင်း Marca က ဖော်ပြထားသည်။

ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် အစောပိုင်း၌ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ၀ယ်ယူရန် စီစဉ်ထားခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် ဂရစ်ဇ်မန်းက အသင်းမပြောင်းတော့ဘဲ အက်သလက်တီကိုထံတွင်သာ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းရန် ဆုံးဖြတ်လိုက်သည့်အတွက် အခြားသောပစ်မှတ်သစ်တစ်ခုကို ဘာစီလိုနာအသင်းတာဝန်ရှိသူများက ရှာဖွေနေကြရပြီဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဆာလားဟ်သည် ယမန်နှစ်ဘောလုံးရာသီ၌ လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုးပေါင်း ၄၄ ဂိုး ရယူပေးနိုင်ခဲ့ပြီး လီဗာပူးအသင်းဒါရိုက်တာဘုတ်အဖွဲ့ကလည်း ဆာလားဟ်ကို အခြားသောအသင်းများက ခေါ်ယူမသွားနိုင်စေရန် လုပ်ခလစာတိုးမြှင့်ပေး၍ စာချုပ်သစ်ချုပ်ရန် စီစဉ်မှုများရှိနေပြီဖြစ်သည်။

လီဗာပူးသည် ဆာလားဟ်ကို စီးရီးအေကလပ် ရိုးမားထံမှနေ၍ ၀ယ်ယူခဲ့စဉ်၌ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၃ သန်းသာ ကုန်ကျခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းကို ပြန်လည်ရောင်းထုတ်မည်ဆိုပါက လီဗာပူးက အနိမ့်ဆုံးအဖြစ် ပေါင်သန်း ၁၀၀ ရရှိရန် သေချာလျက်ရှိနေသည်။




FOLLOW US