News

POST TAGGED AS

PHIL JONES

မန်ယူနောက်ခံကစားသမားဟောင်း ဗီဒစ်သည် အသင်း၏လက်ရှိဗဟိုခံစစ်ကစားသမားများဖြစ်သော ဖီးလ်ဂျုံးစ်နှင့် စမောလင်းတို့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ တိုးတက်မလာခဲ့ခြင်းတွင် ၎င်း၏အပြစ်မကင်းဟု ခံစားမိကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းအဓိကခံစစ်ကစားသမားနှစ်ဦးဖြစ်သည့် စမောလင်းနှင့် ဖီးလ်ဂျုံးစ်တို့ကို ရောင်းထုတ်လိုက်ရန် စီစဉ်ထားပြီဖြစ်ပြီး နယူးကာဆယ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် စမောလင်းနှင့် ဖီးလ်ဂျုံးစ်တို့၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို မော်ရင်ညိုက သံသ၀င်သွားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းတိုက်စစ်တောင်ပံကစားသမား လင်းဂတ်ဒ်သည် မန်ချက်စတာမြို့၏အမှတ်သညာမှာ အနီရောင်သာဖြစ်သည်(Manchester is Red)ကို မန်ချက်စတာဒါဘီပွဲစဉ်တွင် အနိုင်ရလဒ်ကို အရယူခြင်းဖြင့် သက်သေပြရလိမ့်မည်ဟု အသင်းဖော်များကို တိုက်တွန်းပြောကြားသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏နောက်ခံကစားသမား ဖီးလ်ဂျုံးစ်ကို ဂျာမနီနှင့်ခြေစမ်းပွဲတွင် ဆေးထိုး၍ ထည့်သွင်းအသုံးပြုခဲ့ခြင်းအတွက် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်နှင့် အင်္ဂလန်လက်ရွေးစင်အသင်းဆေးအဖွဲ့ကို ဒေါသပေါက်ကွဲနေပြီး ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုအတွင်း ကစားသမားတစ်ဦးကို ခြေစမ်းပွဲတစ်ပွဲအတွက် မည်သည့်အခါကမျှ ဆေးထိုး၍ အသုံးမပြုခဲ့ဖူးကြောင်း မော်ရင်ညိုက ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏ကစားသမား ဖီးလ်ဂျုံးစ်ကို ဒဏ်ရာရရှိနေပါလျက်နှင့် လက်ရွေးစင်အသင်းလူစာရင်းတွင် ထည့်သွင်းကာ အသုံးပြုခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကို ဒေါသပေါက်ကွဲနေပြီး ဆောက်ဂိတ်၏မဆင်မခြင် မသုံးပြုမှုကြောင့် ဖီးလ်ဂျုံးစ်၏ဒဏ်ရာမှာ အခြေအနေ ပိုမိုဆိုးရွားသွားခဲ့ရခြင်းဖြစ်သည်ဟု မော်ရင်ညိုက အပြစ်တင်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အင်္ဂလန်နှင့် ဂျာမနီတို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲတွင် ၎င်း၏နောက်ခံလူ ဖီးလ်ဂျုံးစ် ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် ဒဏ်ရာအခြေအနေ ဆိုးရွားပြင်းထန်မည်ကို စိုးရိမ်ပူပန်မှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်စနေနေ့တွင် စပါးအသင်းနှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ယူအသင်းလူစာရင်းတွင် ဖီးလ်ဂျုံးစ်နှင့် ဘေလ်လီတို့နှစ်ဦးလုံး ပြန်လည်ပါဝင်လာတော့မည်ဟု အတည်ပြုပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။