News

POST TAGGED AS

PERISIC

16-Jul-2018 tagged as Soccer Manchester United Perisic Rebic Kovacic
မန်ယူအသင်းသည် ခရိုအေးရှားလက်ရွေးစင်အသင်းကစားသမားများဖြစ်သော ပီရီဆစ်၊ ရီဘစ်နှင့် ကိုဗာဆစ်တို့ကို ခေါ်ယူရန်အတွက် သက်ဆိုင်ရာကလပ်အသင်းများနှင့် ဆွေးနွေးစကားပြောဆိုနေပြီဖြစ်ပြီး ပီရီဆစ်နှင့် ရီဘစ်တို့ကိုခေါ်ယူရေးတွင် မန်ယူက အလားအလာကောင်းတစ်ရပ်ကို ပိုင်ဆိုင်ရရှိထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် စပါးနောက်ခံလူ ဒန်နီရို့စ်နှင့် အင်တာမီလန်တိုက်စစ်တောင်ပံကစားသမား ပီရီဆစ်တို့ကို ခေါ်ယူနိုင်ရန် အခွင့်အရေး အပြည့်အ၀ ရရှိထားပါလျက်နှင့် အသင်းတာဝန်ရှိသူများဘက်က ခေါ်ယူပေးရန် ပျက်ကွက်နေခြင်းကြောင့် အလွန်အမင်း ဒေါသပေါက်ကွဲနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အင်တာမီလန်တိုက်စစ်တောင်ပံကစားသမား ပီရီဆစ်ကို ခေါ်ယူရန်အတွက် စောင့်ကြည့်မှုများ ရှိနေဆဲဖြစ်ပြီး အင်တာမီလန်မှာ ပီရီဆစ်ကို စာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း စာချုပ်ဖျက်သိမ်းခတန်ကြေးကိုမူ တိုးမြှင့်နိုင်ခြင်း မရှိခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။