News

POST TAGGED AS

PELLEGRINO

23-May-2018 tagged as Soccer Premier League West Ham Pellegrino
ဝက်စ်ဟမ်းအသင်းကို ပူးတွဲပိုင်ဆိုင်ထားသည့် ဒေးဗစ်ဂိုးလ်နှင့် ဒေးဗစ်ဆူလီဗန်တို့သည် အသင်းနည်းပြသစ် ပယ်လီဂရီနီကို လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ကစားသမားသစ်များခေါ်ယူစုစည်းရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၇၅ သန်းပေးရန် စီစဉ်ထားကြောင်း The Mirror က ဖော်ပြထားသည်။
ဆောက်သမ်တန်အသင်းတာဝန်ရှိသူများသည် အသင်းရလဒ်များ ဆက်တိုက်ဆိုးရွားကာ တန်းဆင်းရမည့်အန္တရာယ်ကို စိုးရိမ်လာရသည့်အတွက် နည်းပြပယ်လီဂရီနိုကို ရာထူးထုတ်ပယ်ကာ နည်းပြသစ်တစ်ဦးခန့်အပ်ရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဆောက်သမ်တန်နည်းပြ ပယ်လီဂရီနိုသည် ၀က်ဖို့ဒ်နှင့် ဆောက်သမ်တန်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၀က်ဖို့ဒ်ကွင်းလယ်လူ ဒိုးကူရီက လက်ဖြင့် နှစ်ဆင့်ပုတ်၍ ဂိုးသွင်းယူသွားခဲ့သည့်ဖြစ်စဉ်ကို ဂိုးအဖြစ် သတ်မှတ်ခွင့်ပြုပေးလိုက်သည့် ကွင်းလယ်ဒိုင်လူကြီး ရော်ဂျာအိစ်၏ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီအနေနှင့် လက်ရှိအချိန်တွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်ကို အမြန်ဆုံးမိတ်ဆက်ရန် စဉ်းစားသင့်ပြီဖြစ်ကြောင်းလည်း ပယ်လီဂရီနိုက ပြောကြားသွားခဲ့သေးသည်ဟု Daily Mai က ဖော်ပြထားသည်။
ဆောက်သမ်တန်နည်းပြ ပယ်လီဂရီနိုသည် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းနောက်ခံကစားသမား ဗန်ဒစ်ဂ်ျမှာ ဆောက်သမ်တန်ကိုစွန့်ခွာ၍ အသင်းပြောင်းရွှေ့သွားဖွယ် အခြေအနေများရှိနေပြီဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။